အခန်း ၁၉၉

472 96 0
                                    

အပိုင်း (၁၉၉) မရဘူး

ကျန်းလော့ ထန်ပိသေဆုံးသွားတာကို ကြည့်နေခဲ့သည်။ သူသည် ဘာဆက်ဖြစ်မည်ဆိုသည်ကို အနည်းငယ် ရှုပ်ထွေးနေသော်လည်း နဂါးရေကန်အောက်ခြေတွင် သူသေဆုံးပြီးသွားပြီဆိုတာကိုတော့ သိထားပြီး ယခု သူသည် ပြန်လည်ရှင်သန်လာသည်။ ထို့အပြင် သူ့အစား ထန်ပိက သေဆုံးသွားသည်။

သူ့ကို ကယ်ခဲ့သည့်သူမှာ... ထန်ပိများ ဖြစ်နေမည်လား

ကျန်းလော့သည် ထန်ပိကို ဗလာဖြစ်စွာ ကြည့်နေပြီး မကြာခင်တွင် သူ့ကို တစ်စုံတစ်ယောက်က ပွေ့ချီထားကြောင်း သတိထားမိသွားသည်။ သူမော့ကြည့်လိုက်သောအခါ သွေးများ ရွှဲနေသော မျက်နှာကို မြင်လိုက်ရသည်။ သွေးထွက်မတတ် ရဲနေသော မျက်လုံးဟု ခေါ်မရတော့သော အပေါက်နှစ်ပေါက်သည် ကျန်းလော့ကို သေစေနိုင်လောက်သော အကြည့်ဖြင့် စိုက်ကြည့်နေပြီး ကျန်းလော့၏ နှလုံးသားသည် ပြင်းထန်စွာ နာကျင်လာသည်။

"ချီ....ယုံ"

ချီယုံ၏ ယခင်က ကျော့ရှင်းချောမောသော ပုံရိပ်သည် ပျောက်ကွယ်သွားပြီး သူသည် အရေခွံမဲ့မိစ္ဆာတစ်ကောင် သွေးများ စက်စက်ယိုနေသည်နှင့် တူနေသည်။

သူသည် ကျန်းလော့ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေပြီး လက်ကို ဆန့်ထုတ်လိုက်ကာ ကျန်းလော့၏ မျက်နှာကို ညင်သာစွာ ပွတ်သပ်နေသည်။ သူသာ ခပ်ပြင်းပြင်း ထိကိုင်ကြည့်လိုက်ပါလျှင် ကျန်းလော့ သေသွားမည့်အလား....

ဤနေရာသည် နဂါးသွေးကြော၏ အနက်ရှိုင်းဆုံးနေရာဖြစ်သည်။ ချီယုံက မည်သို့မှာ ဤနေရာရောက်လာပြီး ဒီပုံစံမျိုး ဖြစ်သွားရပါသနည်း။

'ထန်ပိ ထန်ပိက ဘာလို့ သေသွားရတာလဲ'

'ကံကြမ္မာယုံသူကရော ဘယ်ရောက်သွားလဲ'

ကျန်းလော့၏ မျက်နှာသည် တဖြည်းဖြည်း မည်းမှောင်လာပြီး သူ့တွင် မေးစရာအများကြီးရှိနေသော်လည်း တစ်စခုကိုမှ ထုတ်မမေးနိုင်ပဲ ဗလာဖြစ်နေသော အကြည့်များဖြင့် ချီယုံနှင့် ထန်ပိတို့ကို ကြည့်နေမိသည်။

ဤအချိန်တွင် ထိုကိစ္စများကို လိုက်ပြီး သိချင်မေးချင်နေ၍ မဖြစ်ကြောင်း သိသည်။ ယခု သူအလုပ်သင့်ဆုံးကိစ္စမှာ ဒဏ်ရာအပြင်းအထန်ရထားသော ချီယုံကို ဤနေရာမှ ခေါ်ထုတ်သွားရန်နှင့် သေဆုံးသွားသော ထန်ပိအလောင်းနှင့် နောက်ဆုံးစကားများကို သူသေချာပေါက် ပြန်သယ်သွားရမှာဖြစ်သည်။

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now