အခန်း ၁၅၁

1.1K 220 2
                                    

အပိုင်း (၁၅၁) မျက်လုံးများ

ကျန်းလော့သည် တစ်ခါလှမ်းလျှင် ခြေလှမ်းသေးသေးသာ လှမ်းနေပြီး ကံကြမ္မာယုံသူထံသို့ ဖြေးဖြေးချင်းလျှောက်သွားသည်။ သူ့မျက်နှာကို အောက်သို့ တွင်တွင်ငုံ့ထားပြီး ဗိုက်ကိုကွယ်ထားသည်။ သူ့မျက်နှာသည် လေအေးတို့ကြောင့် ဖြူဖျော့နေကာ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသောကြောင့် နာကျင်မှုကို မထိန်းချုပ်နိုင်သော မျက်နှာမျိုးဖြင့်

"ကံကြမ္မာယုံသူ တာအိုဆရာတော် ဝေ့ဟယ်"

ညအမှောင်သည် ပြင်းပြင်းပြပြ နက်ဆွေးနေသောကြောင့် ကျန်းလော့မည်မျှ ဒဏ်ရာရထားသည်ကို မည်သူကမှ မမြင်နိုင်ပေ။ သို့သော် သူတို့သည် ကျန်းလော့ မျက်နှာနှင့် ခန္ဓာကိုယ်မှ သွေးများကိုတော့ မြင်နိုင်ပေသည်။

ထို့အပြင် ချီယုံ့လက်တစ်ဖက်ပင် ကျိုးသွားရာ ကျန်းလော့ဆိုလျှင် မည်မျှ ဒဏ်ရာပြင်းမည်မှန်း တွေးကြည့်စရာပင် မလိုချေ။

'ပြန်ရောက်လာတာပဲ တော်သေးတယ်'

တာအိုဆရာတော်ဝေ့ဟယ်သည် ကျန်းလော့ကိုမြင်ပြီး စိတ်အေးသွားကာ

"မြန်မြန် မြန်မြန် ကောင်းကင်သခင် ကျိယောင်ဇီ သူ့ကို ခေါ်သွားကြ ငါလိုက်ကြည့်ပေးမယ်"

"စိတ်ပူစရာမလိုပါဘူးဗျာ"

ကျန်းလော့သည် အားနည်းစွာ ပြုံးလိုက်ပြီး သူ့အသံသည် အသက်မရှူနိုင်ပဲ အမောဖောက်နေသော အသံနှင့်တူနေကာ

"ဒီဒဏ်ရာတွေက မသေနိုင်လောက်ပါဘူးဗျာ အားလုံးအပေါ်ယံတွေပဲ ဂျင်ဆင်းဝိဉာဉ်သုံးပြီး ကုလိုက်လို့ရပါတယ်" အသုဘပစ္စည်း အရောင်းဆိုင်ပိုင်ရှင်သည် ကြောင်သွားပြီးမှ နည်းနည်း စိတ်သက်သာသွားသည်

"မင်းဆီမှာ ဂျင်ဆင်းဝိဉာဉ်ရှိတာ မေ့တော့မလို့ ဆရာတော် ဝေ့ဟယ် အဲ့ဒီဝိဉာဉ်က နှစ်ငါးရာသက်တမ်းရှိနေပြီ သူသာ အဲ့တာစားလိုက်ရင် ကျန်းလော့က ဆရာတော့်ကို အနောက်အယှက်ပေးစရာမလိုတော့ဘူး

"နှစ်ငါးရာသက်တမ်းရှိ ဂျင်ဆင်းဝိဉာဉ်လား ဖြစ်နိုင်တယ် ဖြစ်နိုင်တယ် သေချာပေါက် ကျုပ်စိတ်ပူစရာမလိုတော့ဘူး"

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now