အခန်း ၁၈၆

638 122 5
                                    

အပိုင်း (၁၈၆) ဒဏ်ရာအပြင်းအထန်ရသွားသော ကံကြမ္မာယုံသူ

ကံကြမ္မာယုံသူ၏ စွမ်းအားများသည် ကျန်းလော့ကိုယ်ထဲသို့ အရူးအမူး စီးဝင်နေကြသည်။ ကျန်းလော့ကိုယ်ထဲမှ ချီစွမ်းအင်များသည် ကြောက်စရာကောင်းလောက်အောင် မြန်သော အရှိန်ဖြင့် ကုန်ဆုံးနေကြသည်။

စာရွက်ပေါ်တွင် ကျန်းလော့ရေးထားသော စကားလုံးသုံးလုံးမှာ "ကျွန်ုပ်ကို ကိုးကွယ်ပါ" ဖြစ်သည်။ သူသည် ကံကြမ္မာယုံသူ မည်သို့ ထိုပူဇော်ရာမှ စွမ်းအားများ ရနေမှန်း မသိသောကြောင့် အတုအယောင်နတ်ဘုရားကို သူ့ကိုယ်သူ ပြန်ကိုးကွယ်စေရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

စကားလုံး စိတ်ဝိညာဉ်သည် အလွန်စွမ်းအားကြီးမားပြီး ကံကြမ္မာယုံသူမှ ဤစကားလုံးသုံးလုံးကို မြင်သွားသည်နှင့် စွမ်းအားတို့ စတင်အလုပ်လုပ်လာပြီး ကံကြမ္မာယုံသူသည် သူ့ကိုယ်သူ အလွန်ထိန်းချုပ်နေရပြီး သူ့ထံမှ ကိုးကွယ်ဆည်းကပ်ခံရာမှ ရလာသော စွမ်းအားများသည် ကျန်းလော့ကိုယ်ထဲသို့ ဆက်တိုက်အရှိန်အဟုန်ဖြင့် စီးဝင်လာသည်။

သူ့ခန္ဓာကိုယ်ထဲရှိ ဆဲလ်တစ်ခုချင်းစီတိုင်းနှင့် မရီဒန်များထဲသို့ အမွှေးနံ့သာပူဇော်ခြင်း စွမ်းအားများ တပြိုင်ထဲ အလွန်များပြားစွာ ဝင်လာသောအခါ ကျန်းလော့သည် အံတင်းတင်းကြိတ်ပြီး သည်းခံနေရသည်။

အလွန်နာကျင်သည်။

သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ အရိုးတိုင်းအရိုးတိုင်း ကြေမွသွားပြီး ပြန်လည် ဆက်ပေးခြင်း ခံနေရသလို ခံစားနေရသည်။ လူသားတစ်ယောက်၏ ခန္ဓာကို်သည် လူသားတစ်ယောက်မပိုင်ဆိုင်သင့်သော စွမ်းအားကို အတင်းထိုးသိပ်ထည့်ခံနေရသောအခါ ထိုစွမ်းအားများသည် လူသားခန္ဓာမှ သူတို့ကို လက်ခံနိုင်လာအောင် အလွန်အမင်း သန်မာသော စွမ်းအားကြီးသော ခန္ဓာတစ်ခုအဖြစ် အလိုလျောက် ပြောင်းလဲပစ်နေသည်။

ပီယအဆောင်ပြာရေသောက်ပြီး ဆယ့်ငါးမိနစ်ကြာသွားပြီးသော်လည်း ကံကြမ္မာယုံသူသည် ထိုရေစင်၏ ထိန်းချုပ်မှုနှင့် စကားလုံးဝိညာဉ်တို့၏ ထိန်းချုပ်မှုမှ မလွှတ်မြောက်နိုင်သေးပဲ ကျန်းလော့ကို ဆက်တိုက် ပူဇော်ခံစွမ်းအားများကို လွှဲပြောင်းပေးနေသေးသည်၊

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now