အခန်း ၁၈၈

687 129 7
                                    

အပိုင်း (၁၈၈) ကိုယ့်ချစ်သူဖြစ်ပေးပါ (၁)

တာအိုဆရာတော် ဝေ့ဟယ်သည် ကျန်းလော့ကို မည်းမှောင်နေသော မျက်နှာဖြင့် အချိန်အကြာကြီး ကြည့်နေပြီး

"မင်းက ကံကြမ္မာယုံသူနဲ့ လုံးလုံး မတူဘူးပဲ"

ကျန်းလော့က ပြောသည်။

"ခင်ဗျား ဘာလို့ ကျွန်တော့်ကို အဲဒီလူနဲ့ နှိုင်းယှဉ်နေရတာလဲ ဘာလဲ သူက ကျွန်တော့်ကို အတုအယောင် နတ်ဘုရားဖြစ်လာမယ်လို့ ခင်ဗျားကို ပြောထားလို့လား"

ကျန်းလော့ရှေ့တွင် ပြောသင့်တာထက် ပြောမိသွားသည်ကို သတိထားမိသွားပြီး တာအိုဆရာတော် ဝေ့ဟယ်သည် ချက်ချင်း ပါးစပ်ပိတ်သွားပြီး နောက်ထပ် စကားတစ်ခွန်းမှ ပြောချင်တော့ပုံ မရတော့ပေ။

ကျန်းလော့က အေးဆေးစွာ ပြောသည်။

"တာအိုဆရာတော်ဝေ့ဟယ် ဆရာတော်လည်း ဆရာတော့်လူတွေ ကံကြမ္မာယုံသူရဲ့ အသက်သွေးကြောဖြစ်နေတာကို ပျော်မနေပါဘူး ဆရာတော်က ယုံကြည်မှု ယိမ်းယိုင်နေတဲ့အပြင်ကို ကံကြမ္မာယုံသူ လုပ်နေတာတွေကို သံသယတောင် ဝင်နေသေးတယ် ဟုတ်တယ်မလား"

တာအိုဆရာတော်ဝေ့ဟယ်သည် ကျန်းလော့မှ သူ့ကျောရိုးကို ပုတ်လိုက်သလို တောင့်ခနဲဖြစ်သွားပြီး

"ပေါက်ကရတွေ ကျုပ် ဘယ်တုန်းကမှ ကံကြမ္မာယုံသူရဲ့ ဆုံးဖြတ်ချက်တွေကို သံသယမဝင်ခဲ့ဖူးဘူး"

တစ်စုံတစ်ယောက်၏ ရှေ့တွင် လျှို့ဝှက်ထားသော အတွေးများ ပေါ်သွားခြင်းထက် မည်သည့် ကိစ္စကများ ကြီးမားဦးပါမည်နည်း။

ပြီးခဲ့သော စကားပြောခဲ့ချိန်တွင် ကျန်းလော့က တာအိုဆရာတော် ဝေ့ဟယ်ကို ကံကြမ္မာယုံသူကို မုန်းသလားဟု မေးခဲ့သော်လည်း တာအိုဆရာတော် ဝေ့ဟယ်သည် မသိလိုက်ဘဲ ကျန်းလော့ကို "မင်းကျတော့ရော" ဟူ၍ လွတ်ခနဲ ထွက်သွားခဲ့သည်။

သူသည် ချီယုံ့အပေါ် ကျန်းလော့ထားသော ခံစားချက်များနှင့် ကံကြမ္မာယုံသူအပေါ် သူထားသော ခံစားချက်များကို နှိုင်းယှဉ်ကြည့်၍ ပြောခဲ့သည်။ သို့သော် ကျန်းလော့နှင့် ချီယုံတို့သည် ရန်သူများ ဖြစ်ကြသည်။

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now