အခန်း ၁၁၃

1.2K 156 4
                                    

အပိုင်း (၁၁၃) ဒေါသပုန်ထခြင်း

မီးပျက်သွားသည့်အချိန်တွင် ချင်းယွင်သည် ထအော်မိသွားပြီး တုကော၏လက်မောင်းကို ဆွဲလိုက်သည်။

"ဘာဖြစ်သွားတာလဲ"

တုကောသည် ပြတင်းပေါက်အပြင်ဘက် မီးခိုးရောင် မှိုင်းညှို့နေသော ကောင်းကင်ကို ကြည့်လိုက်ကာ မျက်မှောင်ကြုတ်လိုက်ပြီး တည်ငြိမ်စွာပြောလိုက်သည်။

"မုန်တိုင်းကြောင့် ပါဝါလိုင်းတွေ ပြတ်တောက်ကုန်တာနေမယ်"

လျန်ရွှီသည် အားလုံးကို နှစ်သိမ့်ပေးလိုက်သည်။
"လူတိုင်းပဲ စိတ်အေးအေးထားကြပါ အိမ်ထဲမှာ မီးလင်းဖိုရှိပါသေးတယ်"

အလင်းဝိုင်းတစ်ခုသည် မီးလင်းဖိုအနီးတဝိုက်ကို ဖြန့်ကျတ်ထားပြီး ဧည့်ခန်းကိုတော့ လုံလောက်သော အလင်းရောင် ပေးစွမ်းနေသည်။

အိမ်တော်ထိန်းယန်သည် ထရပ်လိုက်ပြီး

"အိမ်မှာ ဖယောင်းတိုင်တွေ အများကြီး သိမ်းထားတာရှိတယ် ကျွန်တော်သွားယူလိုက်ဦးမယ်"

ရုတ်တရက်ဖြစ်ပေါ်လာသော အခြေအနေကြောင့် အမိန့်အတိုင်း လိုက်လုပ်နေသော လူနှစ်ယောက်ကို မည်သူမျှ အာရုံမရှိကြတော့ပေ။

ကျန်းလော်သည် ချီယုံ့ကို နှုတ်ခမ်းနှင့် ထိလိုက်ပြီးသည်နှင့် ရပ်လိုက်သည်။ မကောင်းဆိုးဝါးထံမှ တစ္ဆေဆန်ဆန် ရေမွှေးနံ့သည် ကျန်းလော်နှာခေါင်းဝထိ ရောက်လာသည်။

'ဒီကောင် ရေမွှေးဆွတ်ထားတာဟ ယုံတောင် မယုံနိုင်ဘူး.............'

ကျန်းလော်၏ အမူအယာသည် အနည်းငယ် ထူးဆန်းသွားသည်။

သူသည် ပင့်သက်ရှိုက်လိုက်ပြီး မထိန်းနိုင်တော့ပဲ မေးလိုက်သည်။

"မင်း တမင်တကာ လုပ်တာမို့လား"

မကောင်းဆိုးဝါးသည် စိတ်ကောင်းဝင်နေစွာ ပြောလိုက်သည်။

"ဘာကိုလဲ"

ရေမွှေး ၊ ရေချိုးခန်းဝတ်ရုံ ၊ နှင်းမုန်တိုင်း နှင့် နွေးထွေးသော သစ်သားစံအိမ်ငယ်လေး။

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now