အခန်း ၁၆၈

1K 186 7
                                    

အပိုင်း (၁၆၈) မင်းနဲ့ ချီယုံ... ပြန်တွဲနေကြပြီလား

ကျန်းလော့ "........."

ကျန်းလော့၏ အစီအစဉ်သည် ထန်ပိဘယ်ရောက်သွားလဲ အရင်မေးပြီး သူငယ်ချင်းများကို အာရုံပြောင်းရန်ဖြစ်ပြီး သူတို့ကို အိပ်မက်ထဲမှ သေဆုံးမှုကြောင့် စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုများ ခံစားရလား မေးရန်ဖြစ်သည်။ မေးပြီးလျှင် ရေချိုးခန်းဆီသို့ တန်းဝင်ပြီး ရေချိုးကာ နေမကောင်းဘူးဟု အကြောင်းပြကာ မနက်ဖြန်မရောက်မချင်း အိပ်ရန် ကြို၍ စဉ်းစားထားသည်။

မနက်ဖြန်သည် ကြားနာမှု စတင်ရန် နောက်ဆုံးရက်ဖြစ်သောကြောင့် သူ့သူငယ်ချင်းများသည်လည်း အိပ်မက်ထဲမှ သူနှင့် ချီယုံ့အကြောင်းကို အာရုံပေးနိုင်တော့မှာ မဟုတ်ဟု တွေးခဲ့သည်။ ကျန်းလော့သည် ကြားနာမှု ပထမဆုံးရက်ကို မရှောင်နိုင်မှန်းသိသော်လည်း သူသည် ထိုကိစ္စကို တတ်နိုင်သမျှ အချိန်ဆွဲထားချင်ခဲ့သည်။

သို့သော် ရောက်ရောက်ချင်း ဆောက်နှင့် ထွင်းသလို လုယုံရိ၏ စကားများကြောင့် ကျန်းလော့၏ အစီအစဉ်သည် လုံးဝပျက်စီးသွားရတော့သည်။

အကြောင်းပြချက်တချို့ကြောင့် ကျန်းလော့သည် ချီယုံ့ရှေ့တွင် ဆိုလျှင် မကောင်းဆိုးဝါး ဝိညာဉ်များကို ကြောက်လန့်ခြင်းမရှိ လှည့်စား ဆော့ကစားနိုင်ပြီး သူတို့၏ ဆိုးယုတ်မှုများကို စောင့်ကြည့်ကာ နောက်ဆုံးအထိ ကစားလို့ဝမှ ဖိနှိပ်အရှုံးပေးအောင် လုပ်နိုင်သည်။ သို့သော် သူ့သူငယ်ချင်းများရှေ့တွင် ကျန်းလော့သည် တခြားဘာမှ မခံစားရသော်လည်း ထူးဆန်းစွာ ရှက်ရွံ့သလို ခံစားနေရသည်။

'ထူးဆန်းတယ်'

သူသည် ချီယုံကို ယခင်တုန်းက လေးစားမှု တစ်စက်မှ မရှိခဲ့ဘဲ ဘာမှမလုပ်ချင်သော်လည်း မြူဆွယ်၍ အိပ်ရာပေါ်တက်ချင်အောင် လုပ်ပြီး ဒုက္ခပေးခဲ့သည်မှာ ခဏခဏ ဖြစ်သည်။ ကျန်းလော့သည် ဒီတိုင်းကြီးရပ်၍ ချီယုံ့အကြောင်း တွေးမိသည်နှင့် သူ့နှုတ်ခမ်းတစ်ခုလုံး လောင်ကျွမ်းနေသလိုမျိုး ပူလောင်လာတော့သည်။

ဆောင်းရာသီတွင် ခြောက်သွေ့သောကြောင့် သူ့နှုတ်ခမ်းပေါ်မှ အရေပြားလေးများ ခြောက်သွေ့ပြီး အဖတ်လန်နေသည်။ ကျန်းလော့သည် သူ့နှုတ်ခမ်းကို လျက်လိုက်ချင်သော်လည်း အချိန်မှီ လျှာကို ရပ်လိုက်ရသည်။

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now