အခန်း ၁၆၄

966 184 2
                                    

အပိုင်း (၁၆၄) ကိုယ်နဲ့ အတူတူ ငရဲကိုဆင်းကြရအောင်

ကျန်းလော့သည် ဓာတ်လှေကားတံခါး ပိတ်သွားမှ စိတ်သက်သာရာရသွားသည်။ သူ့အတွင်းစိတ်ပုံရိပ်ယောင်ထဲမှ ချီယုံပေါ်ထွက်လာခြင်းသည် သူ့စိတ်အခြေအနေကို သိမ်မွေ့သွားစေသည်။

ဘယ်လိုများ .... ထည့်ထား...

'ဘာလို့ ချီယုံလဲကွာ'

ဝမ်ယမ်လန် ခွမ့်ကျိန်းနှင့် ယယ်ရွှင်တို့၏ ပုံရိပ်ယောင်များသည် သူတို့စိတ်အတွင်းပိုင်းမှ စိတ်ပိုင်းဆိုင်ရာပြဿနာများကို ယောင်ပြန်ဟပ်တုံ့ပြန်ခြင်းဖြစ်သည်။ ကျန်းလော့သည် သူ့ကိုယ်သူ သံသယဝင်လာတော့သည်။

'ငါ ချီယုံ့အတွက် နက်ရှိုင်းတဲ့အကြောက်တရားရော စွဲလမ်းခြင်းတို့ စိတ်ဆန္ဒတို့ ရှိနေတာ မဟုတ်လောက်ပါဘူးနော်'

'ရှိနေတာများလား'

ကျန်းလော့သည် သိချင်စိတ်ပြင်းပြလွန်း၍ ခေါင်းထဲတွင် ချာချာလည်လာပြန်သည်။ သူ့တွင် ချီယုံ့အတွက် ခံစားချက်အမြောက်အများ ရှိနေသည်ဟု ပြောမိပြန်သည်။ အကယ်၍ သူ့မှာ ဒီလိုခံစားချက်မျိုး မရှိနေပါလျှင် အဘယ့်ကြောင့် မသေမရှင်ဖြစ်နေသော ချီယုံ့ကို မြင်ပါမည်နည်း။ မဟုတ်လျှင် သေလုနီးပါး ဖြစ်နေတာတောင် ချောမောသည့် ချီယုံ့ကို ကြည့်နေရတာကြိုက်သည့် နှာဘူးကောင် ဖြစ်နေပြီလား။

'... မဟုတ်တာတွေ တော်စမ်း ငါက အဲ့လိုလူမဟုတ်ဘူး'

'မဟုတ်ဘူးမလား'

ကျန်းလော့သည် ယခု သူဘယ်လို ခံစားနေရမှန်း မပြောပြတတ်တောပ့ကာ သူ့ကိုယ်သူ စိတ်ထိန်းနေရင်း ဓာတ်လှေကားသည် ဆယ့်ရှစ်လွှာသို့ ရောက်သွားသည်။ ဆယ့်ရှစ်လွှာအရောက်တွင် ဓာတ်လှေကား တံခါးတွင် နောက်ထပ်စာတစ်ကြော်ငးပေါ်လာသည်။

[ကျေးဇူးပြုပြီး မြေညီထပ် မောလ်ထဲမှ သင်ရွေးချယ်ဝယ်ယူလာသော အဝတ်အစားများ လဲဝတ်ပေးပါ]

ဓာတ်လှေကားထဲမှ ဆံပင်အနက်ရောင်နှင့် အလှလေးသည် မျက်ခုံးပင့်လိုက်ပြီး မသေချာသလို ပြန်မေးလိုက်သည်။

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now