အခန်း ၁၄၈

1.2K 216 6
                                    

အပိုင်း (၁၄၈) အရမ်းလွန်မလာနဲ့

ကျန်းလော့သည် ကံကြမ္မာယုံသူသည် ထိတ်တိုက်စကားပြောနေရချိန်တွင် တချိန်လုံးသိမ်မွေ့သော အပြုံးကို ဆင်မြန်းထားသော်လည်း နောက်လှည့်လိုက်သည်နှင့် ပြန်ပြီး အမူအယာမဲ့သွားသည်။ သူသည် ချီယုံ့နားသို့ အပြုံးဖြင့် တစ်လှမ်းထဲနှင့် ရောက်သွားအောင် လှမ်းသွားလိုက်သည်။

ရည်းစားစာကို လူကြားထဲတွင် မကြားကြားအောင် အသံကုန်အော်ပြီး ဖတ်ခြင်းသည် ရည်းစားဖြစ်ရန်လိုက်တာမဟုတ်ဘဲ နှာဘူးကျတာဖြစ်သွားပြီဖြစ်သည်။ အထူးသဖြင့် နောက်ကွယ်မှလူသည် ချီယုံဖြစ်နေသောအခါ ကျန်းလော့ မည်သို့မှ ဖြည့်မတွေးပေးနိုင်တော့ပေ။

'ချီယုံ့လိုလူတစ်ယောက်က ဘယ်လိုများ ဒီလို အရူးအလုပ်ကို လုပ်နိုင်ရတာလဲကွာ'

'သူ့မှာ သေချာပေါက် တခြားအဓိပ္ပာယ်တစ်ခု ရှိလိမ့်ဦးမယ်'

သူ့အကြောင်းပြချက်က ဘာကြီးပဲ ဖြစ်နေပါစေ ကျန်းလော့သည် သူ့ကို ကောင်းကင်ကို ယစ်ပူဇော်ပစ်မည်။

ကျန်းလော့က အဘယ့်ကြောင့် ရှေ့တံခါးဂိတ်ကို ရောက်ထဲက ချီယုံ့ကို လှမ်းမမြင်ရပါမည်နည်း ။ သူသည် တမင်တကာကို ကံကြမ္မာယုံသူကို လှည့်စားချင်သောကြောင့် မသိချင်ယောင်ဆောင်ခဲ့ခြင်းဖြစ်သည်။ ချီယုံ့ကို ဆိုးဆိုးရွားရွား ဒဏ်ရာရအောင် လုပ်ပြီး ကံကြမ္မာယုံသူ၏ ယုံကြည်မှုကို ယူလိုခြင်းဖြစ်သည်။ တစ်ချက်ခုတ်နှစ်ချက်ပြတ် အကြံအစည်ကို တွေးနိုင်သည့် သူ့ကိုယ်သူ ချီးကျူးမိသည်။

ကောဝူချန်သည် ကျန်းလော့ သူတို့နားသို့ရောက်လာတာ မြင်သည်နှင့် ကျေနပ်စွာခေါင်းညိတ်၍ ချီယုံ့နားသို့ ပြေးကပ်သွားကာ

"သခင် သခင်ကျန်းလာနေပြီ"

ချီယုံက ပြောသည်။

"ငါမြင်တယ်"

သူ့နှုတ်ခမ်းသည် ကျေနပ်စွာ ကော့တက်သွားပြီး

"မင်းတော်တယ်"

ကောဝူချန်သည် ပျော်ရွှင်စွာပြုံးလိုက်ပြီး ရင်ဘက်ပေါ် လက်နှစ်ဖက်ယှက်၍ လေးစားစွာ ပြောလိုက်သည်။

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now