အခန်း ၁၄၁

1.3K 245 3
                                    

အပိုင်း (၁၄၁) မင်းဘယ်လိုဝတ်ထားလဲ

'ကောင်းလိုက်တာ'

ကျန်းလော့သည် မျက်ဆံများနောက်သို့ လှိမ့်သွားမိသည်ကို မထိန်းချုပ်နိုင်တော့ပေ။

'ရွှမ်ရွှီလောကကြီး ဘာဖြစ်သွားသွား ငါနဲ့ဘာဆိုင်လို့လဲ'

စိတ်ထဲမှပြောနေတုန်း ကျန်းလော့သည် ကံကြမ္မာယုံသူ၏ စကားများထဲမှ အမှားတစ်ခုကို ဖမ်းမိလိုက်သည်။

ကံကြမ္မာယုံသူပြောသည် 'သူ' ဆိုသောသူမှာ ချီယုံ မှလွဲ၍ တခြားသူမဖြစ်နိုင်ပေ။ သို့သော် ထိုအကြောင်းထုတ်မပြောခင်ထဲက ကျန်းလော့သည် ကံကြမ္မာယုံသူ၏ အသံကို မှတ်မိလိုက်သည်။ ခန်မှန်းမရသော နတ်ဘုရားကဲ့သို့ ကောင်းကင်ဘုံမှ လှမ်းပြောနေသော စကားလုံးများနှင့် တူသော အသံဖြစ်သည်။ ဝေးကွာပြီး ဆန်းကြယ်ကာ ခိုင်မာသော ရည်ရွယ်ချက်ရှိပြီး သူ့စကားများအားလုံးသည် အမှန်တရားသာဖြစ်ပြီး နားထောင်ယုံကြည်ရန် ဖိအားပေးနေသည့်အသံဖြစ်သည်။

ဤရင်းနှီးနေသော အသံသည် မှန်လောကထဲတွင် ကြားခဲ့ရသော နောက်ကွယ်မှ ပုဂ္ဂိုလ်၏ အသံဖြစ်သည်မှာ သေချာသည်။

ကျန်းလော့မျက်လုံးများသည် မည်းနက်သွားပြီး ချက်ချင်း ပုံမှန်သတိအနေအထားသို့ ပြန်ရောက်သွားသည်။ ကျန်းလော့သည် မှန်လောက၏နောက်ကွယ်မှလူကို အမြဲတမ်း စိတ်ထဲမှာ မှတ်ထားသည်။

မည်သူမှ အတိတ်အကြောင်းကို လက်ရှိအခြေအနေထိ ယူမလာချင်ပေ။ ထိုသို့သော မကောင်းသည့် ကိစ္စများဆို ပိုဆိုးသည်။ ထိုနောက်ကွယ်မှလူသည် ကျန်းလော့ဖြတ်သန်းခဲ့ရသော အတိတ်ကို သိနေပြီး မှန်လောကထဲတွင် ဖွင့်ချပစ်သည်။

ရွံစရာကောင်းပြီး ရှက်ရွံ့ဖွယ်မှတ်ဉာဏ်များကို တခြားသူများ မြင်သွားပြီးနောက် ကျန်းလော့၏ ဒေါသအဟုန်သည် ပုံမှန်ထက်ကိုပိုပြီး မြင့်တက်လာခဲ့သည်။

မှန်လောကထဲမှ လက်ရှိအခြေအနေအထိ ကံကြမ္မာယုံသူသည် ကျန်းလော့ကို ချီယုံ၏ မကောင်းဆိုးဝါးသဘာဝကို မြင်အောင်ပြဖို့ ကြိုးစားပြီး သူ့ကို ချီယုံ့ကို သတ်ခိုင်းနေခြင်းဖြစ်သည်။

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now