အခန်း ၁၇၇

839 153 8
                                    

အပိုင်း (၁၇၇) ဖုန်းလီ၏ ဒေါသ

ကျန်းလော့သည် ထိတ်လန့်သွားသော်လည်း ကောဝူချန်၏ အားလုံးလိုလို ထုတ်ပြောလိုက်မှုသည် ကျန်းလော့ကို ကောဝူချန်၏ ရည်ရွယ်ချက်ကို သံသယဖြစ်သွားစေသည်။

"မင်း ငါ့ကို ဘာလို့ ဒီအကြောင်း လာပြောနေရတာလဲ"

"ဘာလို့လဲ ဆိုတော့ ကံကြမ္မာယုံသူက မင်းကို မျက်စိကျနေလို့လေ"

ကောဝူချန်ကပြောသည်။

"ပြီးတော့ မင်း သခင့်ကို သတ်နိုင်တယ်လို့ သူတွေးမှတော့ ကျုပ်က သခင်ကျန်းက သခင့်ကို တားပေးနိုင်မယ်လို့ ထင်တယ်"

ကောကျူသည် ကျန်းလော့ကို တစ်ချိန်တုန်းက ကောဝူချန်နှင့် ဝေးဝေးနေရန် ပြောခဲ့ဖူးသည်။ ကောဝူချန်သည် ရွှေရောင်နှလုံးသားနှင့် မြွေဖြစ်ပြီး အချိန်မရွေး သေသည်အထိ ကိုက်သတ်ပစ်နိုင်သည်ဟုလည်း ပြောခဲ့သည်။ ကျန်းလော့သည် ကောကျူပြောတာ မှန်သည်ဟု ဝန်ခံရမည် ကောဝူချန်သည် သူ့အတိတ်အကြောင်း ဘယ်သောအခါမှ ဖွင့်ပြောမည်မဟုတ်သော ထာဝရရှင်သန်သူလို ချောမောသော မျက်နှာနှင့်လူဖြစ်သည်။

ကျန်းလော့ မှန်းဆသည်မှာ သူပြောသော ကိစ္စများတွင် တစ်ဝက်သာ အမှန်ဖြစ်နိုင်သည်။ ကံကြမ္မာယုံသူအကြောင်းသည် အမှန်ဖြစ်နိုင်ပြီး ကျန်သည်များကတော့ မသေချာပေ။

"ဟန်ဆောင်မနေနဲ့တော့"

ကျန်းလော့သည် တိုက်ရိုက်ပဲ ပြောလိုက်သည်။

"ငါ့ကို ရှင်းပြဦး ဘာလို့ ကောကျူကို ခဏခဏ သေတွင်းပို့နေရတာတုန်း တခြားသူတွေကိုကျ သောက်ဂရုတစ်စက်မှ မစိုက်ဘဲ ဘာလို့ ကောကျူကိုမှ သေလုမျောပါးဖြစ်အောင် လုပ်လုပ်ပစ်ရတာတုန်း အဲ့အကြောင်းတော့ ရှင်းပြဖို့ လိုလိမ့်မယ်"

ကောဝူချန်၏ မျက်နှာသည် ချက်ချင်း အေးစက်သွားသည်။

"သခင်ကျန်း ခင်ဗျား အမြင်မှာ သခင့်ကို စိတ်ပြောင်းအောင်လုပ်ဖို့ လွယ်နေတယ် ထင်ပါသလား"

"ကျုပ်ဆရာနဲ့ ဆရာဦးလေးတွေ ပြောခဲ့တာ သူက အဆုံးထိရောက်သွားအောင် ဖိအားပေးခံရတာတဲ့ ဒါပေမဲ့ ချီမိသားစုရဲ့ တိုက်ရိုက်မျိုးဆက်တွေထဲမှာ သူတစ်ယောက်ထဲကပဲ တစ္ဆေဆေးမှင်ကြောင်နဲ့ ပေါင်းစည်းပြီး ဆေးမှင်ကြောင်ကို ပြန်ထိန်းချုပ်နိုင်တဲ့သူပဲ"

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now