အခန်း ၂၀၄

551 112 3
                                    

အပိုင်း (၂၀၄) ညသန်းခေါင်အချိန်တွင် အလည်လာခြင်း (၁)

ဟေးဝူချန်သည် ချက်ချင်းမထိုင်လိုက်ဘဲ တခြားသူများကို အရင်စူးစမ်းကြည့်သည်။ ကျန်းလော့သည် ချက်ချင်းတုံ့ပြန်လိုက်ပြီး ဟေးဝူချန်က လူအများကြီး အခန်းထဲ ရှိနေသည်ကို သဘောမကျလောက်ဘူး တွေးမိကာ

"အစ်ကိုဟေး တကယ်လို အစ်ကိုက ဒီလိုမျိုး မကြိုက်ဘူးဆိုရင် ကျွန်တော် တခြားသူတွေကို အရင်ထွက်သွားခိုင်းလိုက်ရမလား"

ဟေးဝူချန်သည် ခေါင်းယမ်းလိုက်ပြီး မေးသည်။

"ဒီက သခင်လေးတွေက စိုင်ကုန်းဇီရဲ့ သူငယ်ချင်းတွေများလား"

"ဟုတ်ပါတယ်"

ကျန်းလော့သည် တခြားသူများကို မိတ်ဆက်ပေးလိုက်သည်။

ဟေးဝူချန်က ခေါင်းညိတ်လိုက်ပြီး တစ်ယောက်ချင်းစီကို မှတ်သားပြီးနောက် တည်ကြည့်စွာဖြင့် ရှေးနည်းအတိုင်း ကျေးဇူးတင်လိုက်သည်။

"စိုင်ကုန်းဇီကို အမြဲတမ်းလိုလို ဂရုစိုက်ပေးကြလို့ ကျေးဇူးတင်ပါတယ်"

ကောကျူနှင့် တခြားသူများသည် အလျင်စလို ပြန်လည်ဦးညွတ်လိုက်ကြကာ ရှေ့က ဟေးဝူချန်လုပ်သည့်အတိုင်း လိုက်လုပ်လိုက်ကြပြီး

"မလိုပါဘူး မလိုပါဘူး "

သို့သော် သူတို့ ဦးညွတ်၍ ပြီးသွားသည်နှင့် သူတို့သည် ဤနတ်ဘုရား မည်သူဖြစ်သည်ဆိုသည်နှင့် အဘယ့်ကြောင့် စိုင်လောင်အာအတွက် ကျေးဇူးတင်နေရသည်ကို သတိထားမိသွားသည်။

သူတို့သည် ရှုပ်ထွေးသွားကြသော်လည်း ဟေးဝူချန်ကတော့ ဆိုဖာတွင် ဝင်ထိုင်နေဆဲဖြစ်ကာ သူ့နောက်ကျောသည် တိုင်တစ်လုံးလို တည့်မတ်နေပြီး ကျန်းလော့ကို ကြည့်နေသည်။

ကျန်းလော့သည် တစ်စုံတစ်ခု မှားနေသလို ခံစားချက်ကို ဘေးဖယ်ထားလိုက်ကာ ဟေးဝူချန်ကို ဖြစ်သမျှ အကြောင်းစုံရှင်းပြလိုက်သည်။

ဟေးဝူချန်သည် ခနလောက် သေချာတွေးတောလိုက်ပြီး

"ဘာလို့ သေ"

ကျန်းလော့က ပြောသည်။

"ထန်ပိ"

ဟေးဝူချန်သည် အပြုံးတို့ မရှိတော့ပဲ တည်ကြည်သော မျက်နှာဖြင့်

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now