အခန်း ၁၁၉

1K 157 3
                                    

အပိုင်း (၁၁၉) ဖက်ထုပ်ဆိုင်

ကျန်းပင်းချန်နှင့် ရှောင်ရန်တို့နှစ်ယောက်လုံးသည် ကျန်းလော့၏ အရည်အချင်းကို မြင့်တင်ပေးရန်တော့ ငွေအလုံးအရင်းသုံးခဲ့ပါသည်။ ကျန်းပင်းချန်သည် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်အနေဖြင့် ကြည့်ကောင်းသည့်ပုံမရှိဘဲ ငယ်ရွယ်စဉ်က ချောမောခြင်းများ ရှစ်ခု ခုနှစ်ခုလောက် ပျောက်ကွယ်နေပြီဖြစ်ပြီး ပြောရလျှင် ပုံပျက်နေပြီဖြစ်သည်၊

သို့သော် ကျန်းပင်းချန်ထံမှ ကျန်းလော့၏ မျက်လုံးများနှင့် မျက်ခုံးများသည် အခုချိန်ထိ သိသာနေဆဲဖြစ်သည်။

ရှချင် ကျန်းပင်းချန်၏ မျက်ခုံးအလယ်ကို နမ်းလိုက်တုန်းက ကျန်းလော့သည် စိတ်ပျက်စွာ ပြုံးလိုက်မိသည်။

ကျန်းလော့သည် ရွံစရာကောင်းသော တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသောကြောင့် ကျန်းအိမ်တော်တွင် တစ်ခနလေးမှ မနေချင်တော့ပေ။ ထို့ကြောင့် အိမ်ရှင်မိသားစုကို သတိပေးပြီး ထွက်သွားဖို့ ပြင်လိုက်သည်။

မထွက်သွားသေးခင် ချီယုံ့ကိုသူ့အခန်းဆီ ခေါ်သွားသည်။ သူအိမ်မှထွက်လာတုန်းက အခန်းထဲတွင် တစ်ခုခုမေ့ထားရစ်ခဲ့မိသည်ကို သတိရသွားသည်။ မှန်လောကထဲမှာပါ အဲ့ပစ္စည်းရှိနေမလား အတည်ပြုချင်သောကြောင့် သွားရှာကြည့်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ကျန်းပင်းချန်သည် သတင်းပို့တာကြားသည်နှင့် လေအလျင်ဖြင့် အမြန်ရောက်လာသည်။ သူ့မျက်နှာတွင် နှုတ်ခမ်းနီရာများနှင့် စိတ်ပျက်စရာကောင်းကာ ရယ်ချင်စဖွယ်ဖြစ်နေကာ

"သခင်လေးချီ ကျွန်တော့်မှာ စီးပွားရေးကိစ္စလေး သခင်လေးနဲ့ဆွေးနွေးချင်တာ ရှိလို့ပါ သခင်လေးအတွက်လည်း အကျိုးအမြတ်ရှိမှာ သေချာပါတယ်"

ချီယုံသည် ထိုင်ခုံပေါ်တွင် ပျင်းရိစွာမှီထိုင်နေပြီး ကျန်းပင်းချန်ကို စိုက်ကြည့်နေသည်။ ကျန်းပင်းချန်၏ အပြုံးတို့ တဖြည်းဖြည်းလျော့လာပြီး စိတ်ထဲတွင် ယောက်ယက်ခတ်လောက်ပြီဆိုမှ ပျင်းပျင်းရိရိ ထရပ်ကာ

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now