CHAPTER - (23-3)

125 19 0
                                    

ရွမ်ယွီ အမြန်စဉ်းစားလိုက်ကာ ရွှီဟွိုက်စုန့်ထံမှ လက်ကိုပြန်ဆွဲယူလိုက်ပြီး လှည့်ထွက်လာလိုက်သည်။

ရွှီဟွိုက်စုန့်က သူမနောက်သို့ ပြေးလိုက်လာရင်း တားဆီးကာ မေးလို့လာသည်။ " ဘာသွားလုပ်မလို့လဲ "

" သူ့ဘဝသူဖျက်စီးတာကို ကျွန်မ ခွင့်မပြုနိုင်ဘူး "

ရွမ်ယွီအတွက်ကမူ " ၀မ်ရှန့်း " မှာ ကလောင်နာမည်မျှသာ ဖြစ်လေသည်။ ထိုကလောင်နာမည်အား ဆက်လက်သုံးစွဲ၍ မရလျှင်တောင် ရွမ်ယွီအဖြစ် ဆက်လက်တည်ရှိနေနိုင်သေးပေသည်။

သို့သော် လီရှီးချန်ကတော့ လီရှီးချန်ပဲဖြစ်လေသည်။

ရွှီဟွိုက်စုန့်က အသက်ပြင်းပြင်းရှူလိုက်ကာ ရွမ်ယွီ၏လက်ကောက်ဝတ်ကို ဆွဲကိုင်လျက် ပြီး ပြောလာလေ၏ ။ " သူလည်း အရွယ်ရောက်ပြီးတဲ့သူ တယောက်ပဲဟာ ၊ သူ့ဆုံးဖြတ်ချက်အပေါ်မှာ သူဘာသာ တာဝန်ယူရဲရမှာပေါ့ "

သူမတို့နှစ်ယောက်လုံး နှစ်မိနစ်ခန့် ငြိမ်သက်သွားမိကြသည် ။ လီရှီးချန်တစ်ယောက် သတင်းသမားများအား ပြန်လည်ဖြေဆိုနေသံများကိုတော့ သဲ့သဲ့ကို ကြားနေရလေသည်။

ရွမ်ယွီ သက်ပြင်းချလိုက်မိတော့သည်။

ရွှီဟွိုက်စုန့်က သူမလက်ကိုကြည့်ကာ လွှတ်ပေးလိုက်ရင်း ပြောလို့လာသည်။ " ဆောရီး "

ရွမ်ယွီကတော့ ဘာကိုတောင်းပန်နေမှန်း နားမလည်လိုက် ။ ထို့နောက် သူမလက်ကောက်ဝတ်ကို ကြည့်လိုက်မှသာ နီရဲနေသည်ကို တွေ့လိုက်ရလေသည် ။ " ရပါတယ် "

ပြီးသည့်အခါ ရွှီဟွိုက်စုန့်၏ကားဆီသို့ ပြန်သွားလိုက်ကြကာ အခြေအနေကို စောင့်ကြည့်နေလိုက်ကြသည်။

နာရီဝက်ခန့်ကြာသော် လီရှီးချန်က ရွမ်ယွီအား We chat မှ စာပို့လာလေသည်။ [ ချန်ရှီရှီက စိုးရိမ်ရတဲ့ အနေအထားမဟုတ်တော့ဘူးတဲ့ ၊ သတင်းထောက်တွေကိုလည်း ဆေးရုံကနေ ထွက်သွားခိုင်းလိုက်ပြီ ၊ အခုဘယ်မှာလဲ ကျွန်တော်လာခဲ့မယ် ]

ရွမ်ယွီ ရွှီဟွိုက်စုန့်ကိုလှည့်ကြည့်ကာ ပြောလိုက်သည်။ " ကျွန်မကို လာတွေ့ချင်လို့တဲ့ "

You've reached the end of published parts.

⏰ Last updated: Sep 02 ⏰

Add this story to your Library to get notified about new parts!

ကြမ္မာဖန်သော ပျော်ရွှင်မှုWhere stories live. Discover now