Intro

73.3K 2.4K 95
                                    

မင်္ဂလာပါရှင်

ကိုယ့်အတွက်ဒီဇာတ်လမ်းကိုစရေးလိုက် ခြင်းက ဘဝမှာပထမဆုံးစိန်ခေါ်မှု့ကြီးတစ်ခုလို့ဆိုနိုင်ပါတယ်။ စာဖတ်ခြင်းကိုမွေ့လျော်ခဲ့တဲ့ကိုယ်က တခြားစာပေအမျိုးအစားတွေနဲ့ရင်းနှီးကျွမ်းဝင်ခဲ့ပေမယ့် BL စာပေကတော့တစ်ကယ့်ကိုစိမ်းသက်နေခဲ့တယ်။

ဒီလိုနဲ့ကိုယ်မသိသေးတဲ့ကမ္ဘာငယ်လေးထဲရောက်ရှိခဲ့ချိန်မှာတော့ ကိုယ်လေသိပ်ချစ်သွားမိတယ်။

အရှိကိုအရှိအတိုင်းခံစားသက်ဝင်ခဲ့မိတဲ့ ကိုယ့်က ပထမဆုံးအနေနဲ့ချရေးဖြစ်ခဲ့တာ BL OC တဲ့လေ။
ဘဝမှာတစ်ကြိမ်တစ်ခါလောက် စာရေး ခြင်းနဲ့ရူးသွပ်ချင်မိတဲ့ကိုယ်က စိတ်သာရှိပြီးအကောင်အထည်ပေါ်မလာခဲ့တာ နှစ်တွေကြာခဲ့ပါပြီ။ တားမရဆီးမရ စိတ်ဆောင်ရာဖန်တီးရေးမိပြန်တော့ BL ပါတဲ့။

လွတ်လပ်စွာကွဲလွဲနိုင်ပါတယ်။
ယောက်ျားလေးနှစ်ဦးကြားကချစ်ခြင်းကို ပုံဖော်ရေးသားထားတာမို့ လက်မခံနိုင်ပါဘူးဆိုလျှင် ဆက်မဖတ်ဖို့အကြုံပြုချင်ပါတယ်။

ဒီ OC လေးက ကိုယ့်ရဲ့စိတ်ကူးယဉ်သက်သက်ဇာတ်လမ်း​လေးပါ။ ကိုယ့်နှလုံးသားကထွက်ပေါ်
လာတဲ့ သက်တမ်းနုနုဖန်တီးမှုလေးပေါ့။

ပထမဆုံးကြိုးစားမှု့လေးမို့ လိုအပ်တာများရှိခဲ့ရင်စာဖတ်သက်ရင့်နေပြီဖြစ်တဲ့ Readernim တို့က လမ်းညွှန်မှုလေးတွေပေးခဲ့ကြပါနော်။
ကောင်းသည်ဆိုးသည် ဝေဖန်အကြံပြုပေးနိုင်ပါတယ်လို့...။

With Heart 💗
HSY
1 Dec 2019

ဆုံစည်းခွင့်Where stories live. Discover now