Arc 3.2 Extension

4.6K 392 10
                                    

Game မှာ Player ရဲ့ ယူတဲ့ skill Set ၊ ကျွမ်းကျင်မှု ၊ စွမ်းဆောင်ရည်နှင့် သုံးသည့် လက်နက်ပေါ်လိုက်ပြီး Game System မှ အလိုအလျောက် main class 4ခု၊ sub-class 8ခု ခွဲထားသည်။

Archer (1. မြှား၊ 2. သေနတ်) 
HP နည်းသော်လည်း Damage များ၍ supporting ကောင်းသူများ၊ ရံဖန်ရံခါ ရှေ့ထွက် တိုက်ခိုက်တတ်သော်လည်း များသောအားဖြင့် အဝေးပစ်ဖြင့် အနောက်မှပဲနေပြီး တိုက်ခိုက်ကြသည်။
1. မြှားတွင် တစ်ခက်ပစ်ခြင်း၊ ဆက်တိုက်ပစ်ခြင်း၊ သုံးချက်တပြိုင်တည်း ပစ်လွှတ်ခြင်း၊ မီးမြှား ရေခဲမြှား စသည်ဖြင့် အမျိုးမျိုး ရှိသည်။ မြှားကိုင်သူများက များသောအားဖြင့် လျှင်မြန်မှု အားကောင်းတတ်သည်။
2. သေနတ်တွင် ပစ်စတို၊ ဒုံကျည်၊ လောင်ချာ၊ စနိုက်ပါ စသည့် ကိုင်ဆောင်သည့် သေနတ်အမျိုးအစားပေါ်လိုက်၍ လျှင်မြန်မှု ကွာသွားပြီး အားနည်းချက် အားသာချက် ကိုယ်စီရှိသည်။ အနီးကပ်များတွင် ပစ်စတို သုံး၍ အဝေးမှ ချိန်ပစ်ရသည်များတွင် စနိုက်ပါသုံးသည်။ ထုထည်ကြီးမားသည့်အရာများကို ပစ်ခွင်းရန် လောင်ချာသုံး၍ Target တခုကို ဆက်တိုက် ပစ်ချင်သည်ကိစ္စများတွင် ဒုံးကျည်ကို သုံးသည်။

Knight
(3. ဓား sword ၊ 4. ဓားကြီး claymore ၊ 5. လှံ spear)
HP များ ၊ Damage များ၍ ရှေ့ထွက် တိုက်ခိုက်တတ်သူများ ဖြစ်သည်။
3. Sword ဓားရှည်
Sword ကိုင်သူများက လျှင်မြန်ဖျတ်လတ်၍ ဓားရေးကျွမ်းကျင်ရပြီး အနီးကပ် တိုက်ခိုက်မှုများတွင် အများဆုံး သုံးသည်။ Player 40% က Sword ကိုင်ကြပြီး Player Number 1ကလည်း Sword ကိုင်သည့် Knight ဖြစ်သည်။
4. Claymore ဓားကြီး
Claymore ကိုင်သူများက ခန္ဓာကိုယ် တောင်းတင်းပြီး သက်လုံကောင်းရသည်။ နှေးပေမယ့် Damage ထိတာ များပြီး တစ်ချက်မိမိရရထိလျှင် ထိသလို သွေးက အုခနဲနေအောင် လျော့သည်။

Assasin (6. နှစ်ဖက်ဓား၊ စွန်ကုတ်၊ လက်နက်ပုန်း
HPနည်း ၊ Damage ပုံမမှန်၊ ချုံခိုတိုက်ခိုက်တတ်ပြီး လျှင်မြန်မှုမှာ နံပါတ်တစ်ဖြစ်သည်။
ဓားနှစ်လက် သို့မဟုတ် လွှဓားနှစ်လက် သို့မဟုတ် စွန်ကုတ်လက်သည်းနှစ်ဖက် စသည်တို့နှင့် တိုက်ခိုက်လေ့ရှိပြီး Shuriken စင်္ကြာလက်နက်ပုန်း , Kunai ဓားပေါက်စ စသည့် လက်နက်ပုန်းများလည်း ဆောင်လေ့ရှိသည်။

The Stranger I love (System)Opowieści tętniące życiem. Odkryj je teraz