Arc 2.17

5.5K 673 21
                                    

စစ်သည်ငါးယောက် ကင်းစောင့်ရင်း စကားပြောနေကြသည်။

"ဟေ့ကောင် ငါတို့က ဒါ စစ်နိုင်သွားတာလား မနိုင်သေးတာလား .. ပုံမှန်ဆို .. စစ်နိုင်ပြီဆိုရင် မြို့ထဲကို မာန်အပြည့်နဲ့ဝင်၊ အပျိုလေးတွေ ကောလေးတွေ ပေးတဲ့ ပန်းလေးတွေ ယူ၊ ကလူကလူ ဖြစ်နေရမှာလေ"

"အေးကွာ သုံးရက်နဲ့ စစ်နိုင်တယ် ပြေးပြောရအောင်ကလည်း သွားပြောတဲ့ကောင် ရူးနေတယ် ထင်ကြဦးမယ်"

"ခေါင်းဆောင်လေးက တကယ်တော်တာကွာ .. ငါသူ့လိုတော်တဲ့သူ တခါမှ မမြင်ဖူးဘူး။ ထျင်စစ်သူကြီးက တကယ့်ကို သူ့သားလေးကို ဥထားတာပဲ"

"အေးကွာ ငါဆို ခေါင်ဆောင်လေး စစ်တပ်ကို ပထမဆုံး လိုက်လာတုန်းကတောင် လက်နက်ပုံနား သွားစပ်ဆော့လို့ အမြင်ကပ်သလိုတောင် ဖြစ်မိသေးတယ်.. ခုပြန်တွေးရင် ကိုယ့်ကိုကိုယ်တောင် ရိုက်ပစ်ချင်မိတယ်"

စုန့်ရိရန်ကိုယ်ရံတော်တပ်မှ ပြောင်းလာတဲ့တစ်ယောက်က
"ကျနော်ဆို သခင်နဲ့ စေ့စပ်မယ့်သူလို့ ကြားတုန်းက မတန်မရာလို့ နှာခေါင်းတောင် ရှုံ့မိသေးတယ်။ ခုပြန်စဉ်းစားကြည့်ရင် တကယ် မျက်လုံးကန်းခဲ့တာပဲဗျာ။ ကျနော် နေပြည်တော် ပြန်ရောက်ရင် ကိုယ်ရံတော်တပ်ကနေ ထျင်စစ်တပ်ကို ပြောင်းမယ်"

ထိုစဉ် .. ပိုင်လင်းတဲမှ စုန့်ရိမင် လွင့်ထွက်လာသည်။
"Pffff... ခေါင်းဆောင်လေးကတော့ တကယ်ပဲ"
"မင်းသားတော့ မောင်းထုတ်ခံရပြန်ပြီထင်တယ် haha"
"ဒါပေမယ့် မင်းသားကို တကယ်ဂရုစိုက်တာနော်။ သတိရလာတဲ့ထိ မင်းသားနားမှာပဲ နေတာ"
"ဟုတ်တယ် တိုက်ပွဲမှာ မင်းသားလည်း လဲသွားရော ခေါင်းဆောင်လေးက ချက်ချင်း တစ်ခြားတစ်ယောက်လိုပဲ ပြောင်းသွားလိုက်တာ"
"အဲ့တုန်းက ပုံစံကို စဉ်းစားမိရင် ခုတောင် ကျောရိုးထဲက စိမ့်ပြီး ကြောက်တုန်းပဲ"
..........

စုန့်မင်းကြီးက ရုတ်တရက်ကြီး အားအင်ချည့်နဲ့ကာ လဲသွားပြီး အိမ်ရှေ့မင်းသားမှာလည်း စစ်တပ်အတွင်း ပြန့်နှံ့လျှက်ရှိသော ကပ်ရောဂါအသွင် ရောဂါတစ်မျိုးကြောင့် မင်းကြီးထံ သွားတွေ့ခွင့် မရပဲ စစ်တပ်ထဲမှာပဲ ပိတ်လှောင်ခံထားရသည်။ မင်းကြီးနှင့် တကွ အိမ်ရှေ့စံရော အခြား ဆက်ခံသူ မင်းသားများက မရှိတာကြောင့် မိဖုရားကြီးခေါင်ကြီးက နန်းတွင်း အရေးများကို ဝင်ရောက်ထိန်းပေးသည့် ပုံစံမျိုးနဲ့ စွက်ဖက်တော့သည်။

The Stranger I love (System)Où les histoires vivent. Découvrez maintenant