Arc 3.5

4.5K 633 25
                                    

Follow the Light က နေ့ချင်းညချင်း Player တိုင်းလိုလိုရဲ့ ဆွေးနွေးမှုတိုင်းမှာ ပါလာသည်။  Strongest Player CEO Kou , Idol Sono နှင့်World Rank 10 popular Streamer Blade တို့၏ ဂုဏ်ပုဒ်နဲ့တင် Guild ထဲ ဝင်ဖို့ လုံလောက်နေပြီ ဖြစ်သော်လည်း SL နှင့် NG တို့၏ သားသမီးများပါ ပါသည်ဟူသော အချက်က .. ဒုက္ခရောက်ခဲ့လို့ ဒေါသထွက်နေတဲ့ လူအုပ်ကြီးအတွက် ရှောင်ကြဉ်စရာ ဖြစ်ခဲ့သည်။

Shou နှင့် Kou အတူရှိနေစဉ် Shiroက
"Kou ဧည့်သည်လာတယ်။ အရေးကြီးမယ် ထင်လို့ ဆိုနိုကိုလည်း ခေါ်ထားပြီ"
"အိုကေ လာပြီ ကျေးဇူးပဲ"

ဝါအရင့်ဆုံး နှင့် လူဦးရေ အများဆုံးGuild (Guild Rank 1)  မှ ခေါင်းဆောင် ကိုယ်တိုင်ပါဝင်ကာ အခြား Guild အကြီးများမှ ခေါင်းဆောင်များလည်း ပါဝင်သည်။
"Shou သွားစို့"
"ငါမလိုက်တော့ဘူး"
Kou က သင်္ကာမကင်း မျက်လုံးနဲ့ ကြည့်နေတာမို့ 
"ငါဘယ်မှ မသွားဘူး စိတ်ချ။ ဒီအခန်းထဲမှာပဲ ရှိမယ်။ လိုအပ်ရင် လူလွှတ်ခေါ်လိုက်"
Kou Shiro ကို အချက်ပြပြီး ခေါင်းညိတ်ကာ ထွက်သွားသည်။

ရှင်းက ကြိုပြောထားသည်မို့ အခု Kou သွားတွေ့မည့် သူများကို Shou ရှောင်နေလိုက်သည်။ ဒီဆွေးနွေးပွဲက Shou နဲ့ Toru ကို အဖွဲ့ထဲက ထုတ်ပေးပြီး Kou ကို သူတို့နဲ့ လာပူပေါင်းဖို့ ဖိတ်ခေါ်ချင်တာ ဖြစ်သည်။ Kou ရဲ့ ဆန္ဒကို သုံးရက်မြောက်နေ့ကတည်းက သိပြီးဖြစ်သော်လည်း Kou ကို လွတ်လွတ်လပ်လပ် ရွေးချယ်စေချင်သည်။ Kou က သူ့ကို ကာကွယ်ပေးဖို့ တစ်လောကလုံးရဲ့ အပြောအဆိုတွေ ဖယ်ကြဉ်မှုတွေကို ဆန့်ကျင်နိုင်ပါ့မလား သူစဉ်းစားနေသည်။

Kou က အဲ့ဒီနေ့က သူ့ကို သုံးခု တောင်းဆိုသည်။
1. သူမသိပဲ ဘယ်မှ မသွားဖို့ သွားလျှင် Devilish တစ်ယောက်ကို ခေါ်သွားဖို့။
2. Toru နဲ့ မလိုအပ်ပဲ စကားမပြောဖို့
3. ညတိုင်း သူရှိတဲ့နေရာကို ပြန်လာဖို့

Shou က သဘောမတူပေ။ Kou အနေနဲ့ Shou ကို သဘောတူအောင် မပြောနိုင်ပေမယ့် လုပ်နိုင်တာ တခုတော့ ရှိသည်။ သူဆန္ဒကို အလုပ်နဲ့ သက်သေပြတာပင်။

Shou ညတွေ အပြင်မှာအိပ်တိုင်း မနက်ဆို Kou ရင်ခွင်ထဲကပဲ နိုးထရသည်။ ဇာတ်လိုက် Halo မို့ Kou ရဲ့ မန္တန်ကို ကာချင်လျှင် အင်အားအတော်များများ ထုတ်သုံးနေရမည်ဖြစ်ပြီး ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့ နေ့တိုင်း အားကုန်ခံနေဖို့ အဆင်မပြေတာမို့ Shou ဘက်ကပဲ အလျှော့ပေးထားရသည်။

The Stranger I love (System)Där berättelser lever. Upptäck nu