Arc 2.20

5.9K 661 23
                                    

'ရှင်း'
'ဘာလဲ'
'ဟင် မင်းရှိနေလျှက်နဲ့ ဆေးခပ်ထားတာ ဘာလို့ ငါ့ကို ကြိုမပြောတာလဲ'
'အမြင်ကတ်လို့'
'မင်း‼️'

'မင်းဒုက္ခရောက်တိုင်း သူက မင်းအနားမှာ ရှိနေပေးတယ်ဆိုလို့လေ။ ငါ့ကိုများ မလိုအပ်တော့ဘူးများလားလို့'
'အန်'

ဒီနေ့ စိတ်ကောက်ကြတဲ့နေ့လား .. ဘယ်လိုဖြစ်ပြီး ရှင်းကပါ စိတ်လာကောက်နေတာလဲ။ ဒေါသထွက်မလို့စာတောင် ဘယ်ရောက်သွားမှန်း မသိတော့ဘူး။

'အန် မနေနဲ့ မင်းဒုက္ခရောက်တိုင်း အနားမှာ ရှိနေတာ ငါ။ သူမဟုတ်ဖူး'
ရှင်းက နာကျင်ဟန်နဲ့ ..

'ထားပါတော့ .. မင်း ခဏနေနိုးလာလိမ့်မယ်.. မပူနဲ့ ရိမင် မင်းကိုရှာနေတယ်။ မင်းရဲ့ ကိုယ်ရံတော်ဆယ်ယောက်လုံး ကျင်းမင်းသားကြောင့် ဒဏ်ရာကိုယ်စီ ရသွားတယ်။ ပြင်းထန်ပေမယ့် အသက်နဲ့ မနီးဘူး။ ရိမင်က ကိုယ်ရံတော်တွေက တဆင့် ခြေရာခံပြီး လိုက်လာနေပြီ။ ကျင်းမင်းသားက အနံ့မရှိတဲ့ အရည်တမျိုးကို ရှူစေပြီး မင်းကို မေ့အောင်လုပ်လိုက်တာ မင်းခဏတော့ အားနည်းနေလိမ့်မယ်။ အားပျော့ဆေး အရှိန် နည်းနည်းကျန်မယ်။

ပိုင်လင်း နိုးလာတော့ အခန်းတစ်ခုထဲ ရောက်နေပြီး အပြင်မှာ ရေသံလှိုင်းသံတွေ ကြားနေရသည်။ ပထမဆုံး ခေါင်းထဲဝင်လာတဲ့ အတွေးက .. သေပြီ ငါရေမကူးတတ်ဖူး။
ထထိုင်ဖို့ ကြိုးစားလိုက်ပေမယ့် မရ။ အခန်းထဲသို့ ကျင်းမင်းသားက ဗန်းတစ်ခု ကိုင်ပြီး ဝင်လာသည်။

"နိုးပြီလား .. အစာတခုခုစားလိုက်ဦး"
ပိုင်လင်း ခေါင်းကို လက်နဲ့ဖိလိုက်ပြီးမှ မျက်လုံး ပြန်ဖွင့်ကြည့်သည်။
"ခေါင်းအရမ်းကိုက်နေလား .. ကိုယ်တောင်ပန်ပါတယ် .. ဒါပေမယ့် ကိုယ့်မှာ တကယ်ပဲ ရွေးစရာ မရှိလို့ပါ"
ပိုင်လင်း "....."

"ပိုင်လင်း နားထောင်။ ခုချိန်ကစပြီး မင်းဟာ ကိုယ့်အမျိုးသားပဲ။ မင်းကို ကိုယ်ခိုးလာတာမို့ ဘယ်သူမဆို မင်းရဲ့ ဖြူစင်မှုကို သံသယရှိသွားမှာပဲ။ ရိမင် ဘယ်လောက်ပဲ ချစ်တယ်ပြောပြော မဖြူစင်တော့တဲ့သူကို လက်ထပ်ရဲမလား ကိုယ်သိချင်သေးတယ်။ ဒါပေမယ့် စိတ်ချ သူမယူလည်း ကိုယ်က မင်းကိုတကယ်ယူမှာ"
"ဘာ‼️ .. မင်း ... လူယုတ်မာ"

The Stranger I love (System)Where stories live. Discover now