Arc 4.9

1.9K 292 27
                                    

"ရိုစီ‼️"
နေသန် ရင်ထဲ ဆို့နင့်သွားသည်။

ဖလဲရာ အပါအဝင် ဗိုလ်ချုပ်နှင့် အခြား တပ်သား ဆယ်ယောက်လောက်က ရိုစီကို ကြိုးတုပ် ဒူထောက်ခိုင်းထားပြီး ခေါင်းကို သေနတ်ဖြင့် ထောက်ထားသည်။ ရိုစီမှာကြောက်လန့်လွန်း၍ အသံပင် မထွက်နိုင်ရှာပဲ မျက်ရည်တွေတွေ ကျနေသည်။ အစောင့်တပ်သားများက နေသန် လာနေသည့် ဦးတည်ရာကို လှည့်၍စောင့်ကြည့်နေပြီး တိုက်အထပ်များပေါ်မှ ငါးယောက်လောက်က သေနတ်များဖြင့် ဝိုင်းချိန်ထားသည်။

"အား M^Fu*kers !"
သူကိုယ်တိုင်တောင် စိတ်ဒဏ်ရာ မပေးရက်လို့ ဂရုတစိုက် ခေါ်လာတဲ့ ကလေးကို။ နေသန် မျက်လုံးများက လူသတ်ရိပ်လွှမ်းလာသည်။ သို့သော် ရိုစီက သူတို့လက်ထဲမှာဖြစ်သည့်အပြင် သူရှိနေသည့် နေရာကိုသိပြီး တမင် စောင့်နေသည့် အနေအထားမို့ နေသန် ပုန်းကွယ်ရာမှ ထွက်လာရသည်။ ဖလဲရာ၏ နောက်တွင်မှ ကုတ်ကုတ် ကုတ်ကုတ်နှင့် ထွက်လာသော အနုဇီဝပညာရှင်တစ်ဦးကို တွေ့ရသည်။ နေသန် သဘောပေါက်သွားလေသည်။

"ဩော .. မင်း ရှင်သန်ဖို့အတွက် ငါတို့ကို ထိုးချလိုက်တာကိုး။ ဟက် မင်း အဲ့လိုလုပ်လို့ရော ဖလဲရာက မင်းကို လွှတ်ပေးမယ် ထင်လို့လား"

"ဖြောင်း"
ဖလဲရာက မဆီမဆိုင် ကလေးကို ပါးရိုက်လိုက်ပြီး
"ခရစ်ဘလတ်ဒ် .. တော်တော်လာတဲ့ကောင်ပဲ။ စကားကို ဆင်ခြင်ပြောစမ်း .. မဟုတ်ရင် တွေ့တယ်နော်"

ရိုစီ့ပါးက လက်ဝါးရာက နေသန် ကိုယ့်ကိုကိုယ် အပြစ်များစွာ တင်မိစေသည်။ လက်ကို တင်းတင်းဆုပ်ထားပြီး ဒေါသကို ထိန်း၍
"ဘာလိုချင်တာလဲ"

"ဟက် .. ငါလိုချင်တာ ငါ့ရှေ့ရောက်နေပြီလေ။ ဟိုကောင်လေး မင်းတော်တယ်။ မင်းပြောတဲ့အတိုင်းပဲ ရိုစီက သူတို့နှစ်ယောက်ရဲ့ အသက်ပဲ။  ခရစ်ဘလက် ခရစ်ဘလက် ... Vex က လာတဲ့ ဒုခေါင်းဆောင်ကိုလည်း ရိတိတိ။ မုဆိုးမနဲ့ကလည်း .. အဟွန်း ... ။ ခရစ်ဘလတ်ဒ် လက်နက်ချပြီး ဒူးထောက်လိုက်စမ်း"

နေသန်က အံကိုကြိတ်ထားသည်။ လက်ထဲက ကောက်လာသည့် ပစ်စတိုကို ပစ်ချလိုက်ပြီး ဖြည်းညှင်းစွာ ဒူးထောက်လိုက်သည်။ စိတ်ထဲမှာလည်း အံကြိတ်၍ အထပ်ထပ်အခါခါ ကိုယ့်ကိုကိုယ်သတိပေးနေသည်။ ခဏပဲ။ ခဏပဲ သည်းခံ ခဏလေးပဲ။

The Stranger I love (System)Where stories live. Discover now