Arc 3.2

5.5K 630 24
                                    

Recap...
ဇာတ်လိုက် - Kazekaya Kou ခဇဲခရ ခိုး
ဇာတ်လိုက်မ - Mizuno Toru မိဇုနို တိုရူ
ဖေးရဲ့ - Hikari Shou ဟိကရိ ရှိုး
ဒုတိယဇာတ်လိုက် - GoGuAn Sono ဂိုကုအန်းဆိုနို
Game နာမည် - Second Life Online
_____________

ဖေးရဲ့ စဉ်းစားခန်းဝင်နေသည်။

ဇာတ်လိုက်မကို ဖွင့်ပြောတာက ဟုတ်ပါပြီတဲ့ ပြောပြီးရင် ထားခဲ့လို့ရလား။ သူမှ မကြိုက်တာလေ။ အရမ်းရက်စက်ရာများ ကျနေမလား။

ဂိမ်းထဲက ကယ်ရမယ်ဆိုတော့ သူ သေချာပေါက် ဂိမ်းထဲဝင်ရဦးမယ်။ တခြားသူတွေ မဝင်အောင် အဲ့နေ့ server ပိတ်ထားလို့လည်း မရဘူး။ မဟုတ်ရင် Event တွေလုပ်လို့ သားရဲတွေကျူးကျော်လာရင်ကျတော့ လူနည်းနည်းလေးနဲ့ဆို ခုခံဖို့ကျ မလွယ်ပဲနေမယ်။

ဒါပေမယ့် လူအများကြီး ဝင်ပြီးမှ Second Life ရဲ့ ဂုဏ်သိက္ခာကို ပြန်ဆယ်ဖို့ကျတော့ အရမ်းခက်သွားပြီ။ ဘယ်လို လုပ်ရမလဲ။

'ဖေးရဲ့ ဥက္ကာခဲကျဖို့ တစ်နာရီပဲ လိုတော့တယ်နော်'
'Whatttt‼️ စောစောက မပြောဘူး'
'မင်းဘာသာ မှတ်ဉာဏ်တွေ သေချာမဖတ်တာလေ'

ဖေးရဲ့ ကုတင်ပေါ်က လူးလဲထထိုင်လိုက်ပြီး အခန်းထဲ လှည့်ပတ်ကြည့်လိုက်သည်။ အခန်းရဲ့ အပြင်အဆင်က လုံးဝခမ်းနားသပ်ရပ်ပြီး နံရံ အနက်ရောင်ကြားက အနီရောင် လိုင်းလေးတွေလင်းနေသည်။ Second Life ရဲ့ Gamer ပီသစွာ နံရံမှာ အရမ်းလှတဲ့ မြှားနဲ့ Game character တစ်ခုကို ဆွဲထားသည်။ သို့ပေမယ့် အဲ့တာတွေ သူဂရုမစိုက်နိုင်။

Shou က ကုတင်ဘေးက ဖုန်းကို ယူပြီး သူ့အဖေဖြစ်တဲ့ Second Life CEO ဆီ ဆက်လိုက်သည်။ တဖက်မှ ဆူငေါက်နေပေမယ့် ချစ်မြတ်နိုးသော အဖေတစ်ယောက် လေသံမျိုးနှင့်

"Hello .. သောက်ကောင်စုတ်လေး ဘာပြသနာရှာထားပြန်ပြီလဲ"

ဖုန်းဆက်ပြီးမှ Shou ခေါင်းကုတ်မိသည်။ သူ့အဖေကို ဥက္ကာခဲကျတယ်လို့ ယုံအောင် ဘယ်လိုပြောရမလဲ။ ဒါကြီးက မယုံနိုင်စရာကြီးလေ။

"အဖေ.. ကျနော် ပြောတာ ဆုံးတဲ့ထိ နားထောင်ပေး။ ကျနော် အခုအိပ်မက်မက်တယ်။ ဥက္ကာခဲတစ်ခု ကျပြီး ဗဟိုနဲ့ အနီးဆုံး ကီလိုမီတာတစ်သောင်းအတွင်း Nerve Gear တွေ ပျက်သွားတယ် Second Life ရဲ့ Game လည်း Freeze ဖြစ်သွားတယ်"

The Stranger I love (System)Tempat cerita menjadi hidup. Temukan sekarang