Arc 1.9

6.9K 845 24
                                    

ဟုန်လေ့က စာရွက်တရွက်ပြီး တရွက်လှန်ရင်း "ဒီအချိန်ဇယားတွေက မဟုတ်သေးဘူး ဒီလို ဖြစ်ရမှာ" သူနမူနာ လက်တန်းပဲ မြန်မြန်ဆွဲပြလိုက်သည် .. မျဉ်းတွေက ဖြောင့်ပြီး လက်ရေးက သပ်ရပ်နေသည် .. ဖိုင်ကို ထောင်ပြလိုက်ပြီး ခဲတံရဲ့ ခဲဖျက်ပါတဲ့ဘက်ကို လှည့်ပြီး ထောက်ပြကာ ဘာလို့ ဒီပုံစံဆွဲရတယ်ဆိုတဲ့ ရည်ရွယ်ချက်ကို အနည်းငယ်ရှင်းပြသည်

ဆက်၍ "နောက်ပြီး ဒီဆရာက ဒီနေ့မှာ Third Yearမှာ အတန်းရှိတယ် .. သူ ဝင်ပေးနိုင်မှာ မဟုတ်ဖူး .. ဒီအကွက်ကို တခြား ဒီဘာသာနဲ့ အစားထိုးသင့်တယ် .. "

"ပြီးတော့ ယွင်ဖန် .. ဒီ Donation ငွေတွေ ပေါင်းတာ မှားနေတယ် .. "

ဇာတ်လိုက်မဆီ တချက် လှမ်းကြည့်ပြီး မျက်မှောင်တချက်ကြုတ်ကာ ခဲတံကို တချက်လှည့်ရင်း

"နင်လက်ခံရရှိတဲ့ ငွေနဲ့ စာရင်းနဲ့ကို တိုက်မစစ်ဘူးလား .. ပိုတဲ့ငွေတွေ ဘယ်လိုလုပ်ထားလဲ .. ဘယ်စာရင်းထဲ သွားထည့်ထားလဲ ဒီလောက် သိသာနေတဲ့ အမှားကို ... " ထပ်ပြီး အမှားတွေ ဝိုင်းပြကာ ဆရာက ကျောင်းသားကို စာစစ်နေသလို ယွင်ဖန့်ကို တချက်တချက် ခုံပေါ်မှ ငုံကြည့်ပြီး ပြောနေသည်

အမှားပေါင်းများစွာ ထောက်ပြီးသကာလ ဇာတ်လိုက်မမှာ ဟုန်လေ့ကို မျက်ထောင့်နီကြီးနဲ့ စိုက်ကြည့်နေပြီး အရှက်ခွဲခံရတာကြောင့်.. လက်ကို တင်းတင်းဆုပ်ထားကာ လက်သည်းများပင် အသားထဲစိုက်ဝင်နေပြီ ဖြစ်သည်

တဖက်က ကောမင်ကို လာရှာတဲ့ အဖွဲ့ဝင်တွေမှာတော့ ဟုန်လေ့ကို ကြည့်တဲ့ သူတို့မျက်လုံးများက လေးစားမှုတွေနဲ့ အရောင်တောက်နေပြီး ယွင်ဖန်ကိုတော့ အထင်သေးသော၊ မယုံကြည်နိုင်သော မျက်လုံးများနဲ့ ကြည့်လာကြသည် .. တခန်းလုံး တိတ်ဆိတ်ပြီး ဟုန်လေ့စကားပြောနေသံသာ ကြားရသည် .. ရှိနေတဲ့သူတွေအားလုံးရဲ့ အကြည့်က ဟုန်လေ့ဆီမှာ .. အားလုံးရင်ထဲမှာ ခံစားနေရတာက 'Wow .. မိုက်လိုက်တာ' 'ဆရာကျချက်ပဲ'

ယခင်က ဟုန်လေ့အရည်အချင်းရှိတာအနည်းအကျဉ်းသိပေမယ့် အဲ့လောက် တော်ပြီး ထက်မှန်း သူတို့ မသိခဲ့ ..

ယွင်ဖန်က ဟုန်လေ့လုပ်သမျှ နာမည်ကောင်း ဝင်ယူတာကြောင့် အားလုံးက ယွင်ဖန်ကသာ တော်တယ်လို့ သိထားကြသည် .. တဖြည်းဖြည်း နားထောင်ရင်း သဘောပေါက်ဘာတာက ယွင်ဖန် လုပ်သမျှ တလွဲတွေပဲ ဖြစ်ပြိီး ဟုန်လေ့ကသာ တကယ်အလုပ်လုပ်ခဲ့သူဆိုတာ သဘောပေါက်လာစေသည် ..

The Stranger I love (System)Where stories live. Discover now