Arc 1.18 🔞

8.4K 712 23
                                    

"လေ့ မငိုနဲ့တော့"
ခေါင်းမော့မလာပဲ ရန်ကျင့်လက်ကို ဆုပ်ကာ ဇွတ်ငိုနေတာ တော်တော်ကြာနေပြီမို့ ရန်ကျင့် မနေနိုင်တော့။

"လေ့ မျက်လုံးတွေ နာနေလိမ့်မယ်လေ"
"အွန်း .. အွန်း" မငိုတော့ပေမယ့် ရှိုက်နေသေးတာကြောင့် ငိုနိုင်လွန်းသောကလေးကို နောက် ငိုအောင် မလုပ်မိစေဖို့ မှတ်ထားရတော့မည်။

"လက်က ဒဏ်ရာ ပျောက်ပြီလား"
တိတ်နေပြီးမှ မျက်ရည်က စီးကျလာပြန်သည် ..
အားကျင့် .. ငါ့ကို အဲ့လောက် ဂရုမစိုက်ပါနဲ့လား .  ငါ mission ပြီးရင် ထားမသွားနိုင်ပဲ နေလိမ့်မယ်
"အွန်း ပျောက်သွားပြီ"

ဟုန်လေ့က ဆေးရုံဆင်းတဲ့ထိ ရန်ကျင့်အနားမှာ နေပေးပေမယ့် ဘာမှ ဟုတ်တိ ပတ်တိ မလုပ်ပေးတတ်တာကြောင့်နာ့စ်မလေးမှာ ဟုန်လေ့ကို ဘေးကပဲ ထိုင်နေပေးပါ ပြောယူရသည် အထိ လွဲနိုင်မှားနိုင်လွန်းသည်။

"အားကျင့် .. တောင်းပန်ပါတယ်"
"ဘာကိုလဲ လေ့"
"မင်းကို ထိခိုက်မိတဲ့အတွက်ရော .. ဘာမှ ကူညီမပေးနိုင်တဲ့အတွက်ရော"

"မင်းကူညီပေးနိုင်တာ တခုတော့ရှိတယ်"
"ဘာလဲ . ငါမင်းအတွက်ဆို အတတ်နိုင်ဆုံး ကြ်ုးစားပေးမယ်"

"ငါ့နားမှာ အမြဲနေပေးပါလား ... မင်းငါ့နားမှာ ရှိရင် ငါ့ဘဝကြီးတခုလုံး ပြည့်စုံတယ် လုံခြုံတယ်လို့ ခံစားရတယ် "
"မင်းနောင်တ မရဘူးလား .. ငါ့လို အသုံးမကျတဲ့သူကို ဘေးမှာ ထားရတာ . မင်းတွေ့တဲ့အတိုင်း မင်းနေမကောင်းတာတောင် ငါပြုစုပေးတတ်တာ မဟုတ်ဖူးလေ"

လူနာကို ဘယ်လို ပြုစုရမှန်း မသိတာထက် ရန်ကျင့်ကို နာအောင်ပဲ လုပ်််မိနေတာကြောင့် အနားပင် မကပ်ရဲတော့ပဲ ဟုန်လေ့ စိတ်ဓာတ်အကြီးအကျယ် ကျနေသည်။

"ရတယ် .. မင်းရှိရင် ရပြီ .. အားငယ်မနေနဲ့ .. အဲ့ဒီသေးသေးမွှားမွှား ကိစ္စတွေ မင်းအာရုံ မစိုက်လို့ ရတယ် .. ငါ့နားမှာပဲ ရှိနေပေး"

ဟုန်လေ့ ခေါင်းလေးကို ပွတ်ပေးကာ အားပေးရင်း ပြောလိုက်သည်။ အဲ့တော့မှ ပြုံးရယ်လာကာ ..

The Stranger I love (System)Where stories live. Discover now