Arc 2.8

6.3K 725 8
                                    

"သခင်လေး မင်းသားရောက်ပါပြီ"
"အွန်း ခဏစောင့်လို့ ပြောလိုက်ပါ"
မနက်တိုင်း စုန့်ရိမင်က ပိုင်လင်းအဆောင် ရောက်လာပြီး မနက်စာ အတူစားတတ်သည်။
ဖေ့ဖု သတင်းပို့တာ နားထောင်နေတုန်း မင်းသားရောက်လာခြင်း ဖြစ်သည်။ ဒီနေ့ စောလှချည်လား။

"ဖေ့ဖု .. နောက်နေ့ မင်းသားဆီ မသွားတော့နဲ့ .. မင်းပြောတဲ့ ပုံစံအရ သူရိပ်မိနေပြီ"
"ဟုတ်ကဲ့ပါ သခင်လေး။ တောင်းပန်ပါတယ်"
"မင်းအမှားမဟုတ်ပါဘူး။ ရိမင်က လျှင်တယ်"

မနက်စာ စားပွဲတွင် ပိုင်လင်းထိုင်လိုက်သည်။ ရေချိုးပြီးခါစမို့ ဆံပင်တွေ မခြောက်သေးပေမယ့် မင်းသားက စောရောက်လာတာမို့ အဝတ်အစားလဲကာသာ ထွက်လာခဲ့သည်။

"ကလေး ဆံပင်တွေ မခြောက်သေးဘူးလေ .." အနားက ပင်းပင်းကို .. "ပုဝါသွားယူပေး"
"ရပါတယ် ပြီးရင် ခြောက်သွားမှာပဲ သုတ်ခဲ့ပြီ .. ထမင်းစားစို့"
"မရပါဘူး" ပင်းပင်းကို သွားယူလိုက်လို့ မျက်စပစ်လိုက်သည်။

ဆံပင်တွေ သုတ်ပေးနေရင်းက နူးညံ့စွာ
"ကလေး .. ကိုယ့်အကြောင်းတွေ စုံစမ်းနေတာလား .. "
ပိုင်လင်း ပြုံးကာ မော့ကြည့်ပြီး
"မဟုတ်ပါဘူး .. ဒီအတိုင်း သိချင်ရုံပါ"
"ကလေးက ကိုယ့်ကို မယုံဘူးပဲ"

စိတ်မကောင်းဖြစ်နေတဲ့ စုန့်ရိမင်လေသံကြောင့်
"စိတ်ဆိုးသွားတာလား .. ကျနော်က ဒီအတိုင်း...."
"ဒီအတိုင်း ဘာဖြစ်လဲ .. "
"ဒီအတိုင်း မင်းသားအကြောင်း ပြည့်ပြည့်စုံစုံ သိချင်ရုံပါ"
"မနက်ဖြန် ကိုယ်နဲ့ လိုက်ခဲ့ .. ကလေးသိချင်တာ အကုန်လက်ညှိုးထိုးမေး အကုန်ပြောပြမယ်"
"အွန်း"
ဒါကြီးက ဖြစ်ဖူးနေသလိုကြီး ခံစားရသည်။

("မင်း ငါ့အကြောင်း ကြိုက်တာမေး ငါအကုန်ဖြေပေးမယ် .. ဒါဆိုငါတို့ ရင်းနှီးသွားပြီ.. နက်ဖန်တော့ ငါခေါ်တဲ့နေရာကို တချက်လိုက်ခဲ့ပေး.." (Arc1.5) အားကျင့် .. ) မင်းရဲ့ အငွေ့အသက်တွေ ဒီလူ့ဆီမှာ တွေ့နေရတယ် တကယ်ပဲ မင်းလား ... ငါယုံကြည်လို့ရလား ...

မနက်စာ စားနေစဉ်မှာပင်
"သခင်လေး ပထမမင်းသား အဆိပ်မိလို့
မင်းကြီးက အဆောင်ကို ဆင့်ခေါ်ခိုင်းလိုက်ပါတယ်"
"ပထမမင်းသား အဆိပ်မိတယ် ❓ " 
"ကိုယ် လိုက်ခဲ့ပေးမယ် .. အရင်စားလိုက် သူတို့က အရေးမကြီးဘူး စားပြီးမှသွားစို့"
"ဟုတ်"

The Stranger I love (System)Where stories live. Discover now