Arc 2.6

6.9K 827 12
                                    

ချန်ကျစ်မေက တီးခက်ရင်း အမြင့်ဆုံး အမြန်ဆုံး Notes မှာ ပရိသတ်ကို ကြည့်ပြီး စွဲဆောင်မှုအပြည့်နဲ့ပြုံးလိုက်သည်။ သူ့အကြည့်နဲ့ သူ့သံစဉ်က မြူးကြွသည်။ သာယာသည်။ ဆွဲဆောင်သည်။ ပူလောင်သည်။ ညှို့ချက်ပြင်းသည်။ နားထောင်သူတိုင်းကို တီးနေတဲ့သူနဲ့ ပြင်းပြင်းရှရှ ချစ်ကျွမ်းဝင်ချင်တဲ့ ခံစားမှုမျိုးကို ပေးသည်။ တီးရတာ အရမ်းခက်လောက်တယ်ဆိုတာ နားထောင်ရုံနဲ့ ကြည့်ရုံနဲ့ သိသာပေမယ့် ချန်ကျစ်မေမှာ တစက်လေးမှ အခက်အခဲ မရှိသလို တစ်ချက်လေးမှ မမှားပဲ အပြုံးလေးနဲ့ တီးနေသည်။

ချန်ကျစ်မေရဲ့ ဖျော်ဖြေမှု ပြီးသွားသည်နှင့် တကွင်းလုံး တယောက် မကျန် ညံနေအောင် လက်ခုပ်တီးကြသည်။ မင်းသားသုံးကတော့ အဲ့ဒီအားပေးနေတဲ့သူတွေထဲမပါ။ အေးဆေး သေရည် ထိုင်သောက်နေသည်။ အိမ်ရှေ့စံကတော့ အထိုက်အလျှောက် လက်ခုပ်တီး၍ အားပေးသည်။ မိဖုရားနှစ်ပါးမှာလည်း ပြုံးရွှင်ကာ လက်ခုပ်တီးအားပေးသည်။ ဘုရင်လည်း ကျေနပ်စွာ လက်ခုပ်တီးပြီး အသိအမှတ်ပြုသည်။ အဲ့ဒီထဲမှာတော့ ဝန်ကြီးချုပ်ကတော့ မာနအထောင်လွှားဆုံးပင်။ မျက်နှာကို မော်ချီထားပြီး သူ့ရဲ့သားအတွက် ဂုဏ်ယူနေသည်။

ချန်ကျစ်မေက ပိုင်လင်းကို လှမ်းကြည့်လိုက်သည်။ပိုင်လင်း တွေ့လား .. ငါ့ကို မှီအောင် ဆယ်နှစ်လောက် လေ့လာလိုက်ဦး ဆိုတဲ့ လှောင်ပြုံးလေးနဲ့ အားလုံးရှေ့မှာပဲ သိသိသာသာ ဘယ်လိုလဲဆိုတဲ့ ပုံစံနဲ့ မေးတချက်ဆတ်ပြသည်။ ပြီးမှ အားပေးနေတဲ့ ဘုရင်နဲ့ ပရိသတ်တွေကို ဦးညွတ်လိုက်ပြီး ကျေနပ်စွာမေတ္တာခံယူသည်။ ပြီးမှ စင်ပေါ်မှ ကျော့ကျော့လေး ဆင်းသွားသည်။

ပိုင်လင်း ရေနွေးသောက်ရင်း ချန်ကျစ်မေရဲ့ လှောင်ပြုံးကိုတွေ့တော့ နှုတ်ခမ်းလေး ကော့တက်သွားသည်။ အဟက် ဇာတ်လိုက်မ သောက်ရှက်ကွဲချင်လို့ ရန်လာစနေတယ်။ ထိုစဉ် မင်းကြီးရဲ့ အပါးတော်မြဲက ဆုကြေညာရန် စင်ပေါ်တက်လာသည်။ အားလုံးထင်ထားတာက ချန်ကျစ်မေကို ယှဉ်နိုင်သူမရှိတာကြောင့် စိန်ခေါ်မယ့်သူ မရှိလောက်တော့ဟု။ သို့သော် လှေကားကို တလှမ်းချင်း တက်လာတဲ့ လှပကျော့ရှင်းတဲ့ အရိပ်တခုကိုတွေ့ရပြီး အံ့ဩမှုကြောင့် အားလုံး တိတ်ဆိတ်သွားသည်။
"ပိုင်လင်း❓"

The Stranger I love (System)Where stories live. Discover now