Arc 3.3

4.8K 652 33
                                    

<Recap>
Host - Shou
ဇာတ်လိုက် -Kou
ဇာတ်လိုက်မ - Toru
Kou ရဲ့ Team (Kou, Sono, Kuro, Shiro, Aki)

Aki (အ.ကိ)
_________

Aki က Kou ကို ကလေးဆိုးကြီးလို ပြောချင်တိုင်း ပြောပြီးမှ Shou ဘက်လှည့်ကာ "တွေ့ရတာ ဝမ်းသာပါ  ..အဲ .. "
Shou မျက်နှာကို အခုမှကြည့်မိပြီး အနည်းငယ် အို့တို့အမ်းတမ်း ဖြစ်သွားသည်။

Kuro ဘက်လှည့်ပြီး အသံတိုးတိုးနှင့်
"Shou က ယောကျာ်းလေးတော့ ဟုတ်ပါတယ်နော်"
Kuro က Aki ပုခုံးကို ပုတ်လိုက်ပြီး
"I know that Feel bro ..
Shou က အရမ်းကြည့်ကောင်းလွန်းတယ်"
"အေး ငါတို့ ကိုကြီးနှစ်ယောက်ထက်တောင်ပိုပြီး"
"ဟုတ်ပါ့"
"...." x2

"ကဲ Domain ထဲ ဝင်စို့"
Battle Start‼️
ယခု Boss က လက်တွေ အများကြီးနှင့် လူသဏ္ဍာန်မျိုး ဖြစ်သည်။ လက်လေးဖက်လောက်မှာ ပုဆိန်၊ ရဲဒင်းများ ကိုင်ထားပြီး level80 သွေးတန်းအရှည်ကြီးမို့ အတော်တိုက်ခိုက်ရ ခက်သည်ဟု ပြောနိုင်သည်။

Kou က ဓားရှည်ကို ဝှေ့ယမ်းကာ ဟိုမှဒီ ရွေ့လျှား၍လှည့်ပတ်ပြီး Boss ၏ ရိုက်ချလာတဲ့ လက်များ ကိုရှောင်ရင်း တိုက်ခိုက်လိုက်သည်။ ဆိုနိုက ဓားကြီးကိုင်သူမို့ ဓားရဲ့ အလေးချိန်ကြောင့် Kou လောက် လွယ်လွယ် ရွေ့လျား မရသော်လည်း တစ်ချက်ဆိုလျှင် တစ်ချက် ချက်ကောင်းကို မိမိရရ ထိစေကာ Shiroက ဆိုနိုကို မထိခိုက်စေအောင် ရိုက်ချလာသောလက်များကို မြှားဖြင့် ကာပစ်ပေးထားသည်။

Aki က Boss ၏ နောက်သို့ လျှင်မြန်စွာ သွား၍ ပုခုံးပေါ် ခုန်တက်သွားပြီး စွန်ကုတ်လက်သည်းနှစ်ဖက်ကို ထုတ်လိုက်ပြီး ခေါင်းကို မိမိရရ နှစ်ချက် ဘယ်ပြန်ညာပြန်ကုတ်ဆွဲလိုက်သည်။ Bossက လက်တစ်ဖက်မြှောက်ပြီး Aki ကို ရိုက်ချလာသည်။ Aki က ရှောင်လိုက်ပြီး စွန်ကုတ်ဖြင့် ကျောတစ်လျှောက် ကုတ်ဆွဲချပြီးဆင်းလိုက်သည်။ Kuro က Shou ရဲ့ ဘေးမှာ စနိုက်ပါထုတ်ကာ မှောက်ချလိုက်ပြီး ခေါင်းကိုချည်းချိန်ကာ Aki ဆီ အာရုံမရောက်အောင် သုံးလေးချက် ကာပစ်ပေးသည်။ Shou ကလည်း ရေခဲမြှားပစ်လွှတ်၍ အေးခဲစေပြီး Boss ရဲ့ လှုပ်ရှားမှုကို နှေးကွေးစေသည်။

Shou က တူရိယာမြှားကို ထုတ်ပြီး မန္တန်တစ်ပုဒ်ခတ်လိုက်သည်။ Shou ရဲ့ မန္တ န်က Player အားလုံးရဲ့ တိုက်ခိုက်မှု စွမ်းရည်ကို မြှင့်တင်ပေးပြီး Boss ကို Damage နှစ်ဆပို ထိစေသည်။ Kou က Sono ကို အနှောင့်အယှက်ပေးတဲ့ လက်လေးဖက်ကို ဖြတ်ပစ်ပြီး Sono နှင့် အတူ ပူပေါင်း၍ တိုးချည် ဆုတ်ချည် တိုက်ခိုက်သည်။

The Stranger I love (System)Where stories live. Discover now