Arc 4.11

1.7K 259 17
                                    

"အား ကျွတ်ကျွတ် "
တစုံတယောက်က ခါးကို ကိုင်၍ ညည်းတွားလိုက်သည်။ ရောင်နီလာချိန်မို့ ဘေးကလူကို မှုန်ပြပြသာ မြင်ရသေးပေမယ့် ပြုံးနေမှန်းသိတာကြောင့် ခေါင်းအုံးနဲ့ ရိုက်ပစ်လိုက်သည်။

အရိုက်ခံရသောသူက စပ်ဖြဲဖြဲနဲ့ ရယ်လေသည်။
"နိုးနေတာကို မထပဲနဲ့"
"ကိုကိုက ချစ်စရာကောင်းနေတာကိုး"

နေသန် ကြိတ်မနိုင် ခဲမရဖြစ်နေသည်။ အိန်းဒရူး၏ shield စွမ်းအင်ကြောင့် သူဘယ်လိုမှ ထိမရ။ နောက်ဆုံး လက်လျှော့လိုက်ရပြီး သူကပဲ ပေးလိုက်ရသည်။

"ထ ကိုကို။ ကျနော် မျက်နှာသစ်ပေးမယ်"
"မလိုဘူး ခြေထောက်ပါတယ်"
"ဒါပေမယ့် ကိုကိုက  ... "
"အာ့ .. "

တခွီးခွီးနဲ့ ထပ်ရယ်ပြန်သော အိန်းဒရူးကို ကျန်နေတဲ့ ခေါင်းအုံးနဲ့ ထပ်ပေါက်လိုက်သည်။ ရိုက်ပုတ်နေသည့်ကြားမှ အိန်းဒရူးက ရှေ့တိုးလာပြီး နေသန့် ပါးကို နှာခေါင်းနစ်အောင် နမ်းလိုက်သည်။
"ထ ကိုကိုအဆိုးလေး .. ကျနော် ချီမယ်"
"ဘယ်သူက ဆိုးတာလဲ"
"ဟုတ်ပါပြီ ကျနော်က ဆိုးတာပါ .. ကျနော့ အပြစ်တွေ ဟုတ်ပြီလား .. စိတ်မဆိုးနဲ့တော့နော်"
နားရွက်ကုတ်နေသော ခွေးပုလေးကဲ့သို့ ပြောနေပေမယ့် ကျေနပ်အားရသော အပြုံးကြီးကတော့ ပျောက်မသွားပေ။ နေသန်က နှစ်ချက်လောက် ထပ်ရိုက်ပြီးမှ ပေးချီလေသည်။
________

နေသန်တို့နေတဲ့ အဆောက်အဦးရဲ့ရှေ့မှာ ပန်းခြံဟောင်း တခုရှိပြီး ခြုံနွယ်များ ပေါက်ရောက်နေသည်ကို ရှင်းထားတာကြောင့် ကွင်းပြောင်ကြီး ဖြစ်နေသည်။ ဒီကွင်းပြင်မှာ စားပွဲတွေ ခင်းထားပြီး လူနည်းစုသာ ကျန်သောသူတို့အတွက်တော့ အစည်းအဝေးခန်းလည်း ဟုတ်။ ထမင်းစားခန်းလည်းဟုတ်။ အပျင်းပြေ စကားလက်ဆုံကျရာ နေရာဆိုလည်း ဟုတ်သည်။

စကားသံနှစ်သံ တဘက်ဆီမှ တပြိုင်တည်းထွက်လာသည်။ ဒါပေမယ့် ဦးတည်ရာ လူမတူ။

"နေသန် ဒါဓာတ်ခွဲခန်းအတွက် လိုအပ်တဲ့ ပစ္စည်းတွေ"
"ဟုတ် ကျနော် အခုရက်ပိုင်းအတွင်း ရအောင်လုပ်ပေးမယ်။"

"အိန်းဒရူး ဒါရှေ့တန်း ကင်းစောင့်က ပို့လာတာ"
နာဒါဆီဟာမြို့မှာ တချို့တာဝါတိုင်တွေက ပျက်စီးနေတာကြောင့် တချို့ terminal များက Network Area ပြင်ပ ဖြစ်ပြီး ကောင်းကောင်း အလုပ်မလုပ်ချေ။ သတင်းပို့မှုများအတွက် ရိုးရိုးဆက်သားကိုသာ သုံးနေရပြီး ထိုလူက လေစွမ်းအင်သုံး၍ မြန်အောင် ပြေးလာခဲ့ရသည်။ ထိုသူက သူ့Terminal မှတဆင့် ပုံများကို ပြ၍ ဇက်ခရွန်တွေ အများကြီး မြို့ထဲကို ဝင်ဖို့ ကြိုးစားနေကြောင်း အတားအဆီးများကြောင့် မဝင်လာနိုင်သေးကြောင်း တချို့ စွမ်းအားရှင်တွေနဲ့ စပြီး တိုက်ခိုက်နှင့်နေပြီဖြစ်ကြောင်း ပြောဆိုသည်။

The Stranger I love (System)Where stories live. Discover now