Arc 1.2

8.3K 855 11
                                    

ဟုန်လေ့ခါးကို ထိန်းကိုင်ထားရာက ထိုသူက ဟုန်လေ့ကို ထိန်းမတ်နိုင်စေသည်။ ဟုန်လေ့က ယခုမှ ထိုသူ၏ မျက်နှာကို သေချာမြင်လိုက်ရပြီး ငေးသွားမိသည်။

ဟ .. သောက်ကျိုးနည်း ချောလိုက်တာ ..

ထိုသူက ဟက်ကနဲ နှုတ်ခမ်းလေးတွန့်ရုံ ပြုံးပြီး
တချက် စူးစိုက်ကြည့်ကာ အပေါ်ဆက်တက်သွားသည်..

တောက် .. ရှက်လိုက်တာ ..
ဘာကိစ္စငေးမိသွားတာလဲ
ယောကျာ်းလေးအချင်းချင်းပဲဟာကို
သူချောတာလောက်တော့ ငါလည်းချောပါတယ်

သို့သော် သူအကြာကြီး မတွေးနိုင်။
'ရှင်း ဇာတ်လိုက်မ နောက်လိုက်တွေရော'
'Host, အနောက်ဖက် လှေကားက ဆင်းလာပါပြီ'

ဟုန်လေ့ အရှေ့ဘက်လှေကားမှ ဝရုန်းသုန်းကားဆင်းကာ စာကြည့်တိုက် ဘက်သို့ ပြေးလေသည်။ သူတွေးတာက လူမိုက်တွေသာဆို စာကြည့်တိုက်ဘက်မလာလောက်ဘူး။ သူ့မှာ စဉ်းစားချိန်လိုတယ်။ သူ့အနာဂတ်အတွက် စီစဉ်ရဦးမယ်။ လက်ရှိ မူလပိုင်ရှင်က ငမွဲလေ။

စာကြည့်တိုက်ကို ခြေလှမ်းကျဲဖြင့် သွားနေသောသူ့ကို ကျောင်းခေါင်းမိုးပေါ်မှ မျက်ဝန်းတစုံက ကြည့်နေကြောင်းကိုတော့ ... ဟုန်လေ့ မသိလိုက်ပေ။

..............

ဟုန်လေ့ စာကြည့်တိုက်ကို သွားနေရင်း ခေါင်းထဲမှာ လုပ်ရမည့်ကိစ္စတွေ စီနေမိသည် .. ပထမဆုံး ဇာတ်လိုက်မအရိပ်အောက်က ထွက်ဖို့ဆို သူ့ကိုယ်သူ ကျွေးမွေးနိုင်မှ ရမည်။ ပြီးတော့ ဟုန်လေ့က 'လုပ်ချင်တာတွေ မလုပ်ခဲ့ရလို့ နောင်တရတယ်' ဆိုတော့ သူလုပ်ချင်တာတွေက ဘာတွေများလဲ ..

'ရှင်း မင်းသိလား သူလုပ်ချင်တယ်ဆိုတဲ့ဟာတွေ .. '
'မသိပါဘူး Host ..'
'မင်းတော်လာပြီ'
'......'

(အဲ့တာ မင်းရှာရမယ့် ကိစ္စလေ.. မင်းကြီးတော်မှပဲ)

ဟုန်လေ့ စာကြည့်တိုက်ရောက်တော့ ကွန်ပျူတာတစ်လုံးကို ရှာသည်။ သူက အရင်ဘဝမှာ Technician ဖြစ်တာကြောင့် ဘာစက်မြင်မြင် လာထား ခဏပဲ ကလိ တော်ရုံဆို နားလည်သည်။ ဟုန်လေ့က Blog တခု ချက်ချင်းပဲ တည်ဆောက်လိုက်သည်။ ကွန်ပျူတာနဲ့ ပက်သက်တာ အကုန် အိမ်အရောက် Service ပေးမည်ဟု ကြေငြာသည်။ ads လုပ်တာ အစ Design ဆွဲတာ .. website ရေးတာအဆုံး အကုန်လက်ခံတယ် ဆိုပြီး ကျောင်း၏ forum ထဲမှာ ကြော်ငြာတင်လိုက်သည်။

The Stranger I love (System)Where stories live. Discover now