Arc 1.10

7K 817 6
                                    

ယွင်ဖန် အံကို တင်းတင်း ကြိတ်ထားသည် .. ဒီအမှိုက်ကောင်က ဘယ်တုန်းက ဒီလို သတ္တိတွေ ရှိလာတာလဲ ..
သို့သော် သူမ စိတ်တိုလို့တောင် မပြီးခင်မှာပဲ ဟုန်လေ့က စီနီယာ ဂျူနီယာ တသိုက်ကို ဦးဆောင်ပြီး ထွက်သွားပြီ ဖြစ်သည် 

ဟုန်လေ့ အချိန်မဆွဲနေတော့ပဲ အားလုံးနဲ့ တိုင်ပင်ပြီး တာဝန်ခွဲပေးလိုက်သည် . ဟုန်လေ့က ကောင်စီက မြန်မြန် ထွက်ချင်တာကြောင့် တထိုင်တည်း အပြီး ဆွေးနွေးပြီး အကုန်ဖြတ်ချခဲ့သည် .. ကောမင်မှာ ပါးစပ်အဟောင်းသား ..

"ကောမင် ကျေနပ်ပြီမလား .. သူတို့ Report တက်လာတာ စောင့်ဖို့ပဲ ကျန်တော့တယ် .. မင်းမသိပေမယ့် အခု ငါရွေးတဲ့လူတွေအားလုံးက သက်ဆိုင်ရာမှာ အတော်ဆုံးတွေချည်းပဲ .. မင်း မျက်စိလေးဖွင့်ပြီး တန်ဖိုးကို မြင်နိုင်ဖို့ မျှော်လင့်တယ်"

ဟုန်လေ့ ဘာဆိုလိုချင်လဲ ဆိုတာ ကောမင်သိသည် .. ဟုန်လေ့လို တန်ဖိုးရှိတဲ့ သူတယောက်ရဲ့ တန်ဖိုးကို မမြင်နိုင်ခဲ့တဲ့အတွက် လက်ရုံးတယောက် ဆုံးရှုံးလိုက်ရပြီ .. နောက် မဖြစ်စေနဲ့လို့ သွယ်ဝိုက်ပြောလိုက်တာပင် ..

သူနောက်ကျသွားပြီလား ဟုန်လေ့ကို သူ့အနားမှ ရှိနေစေဖို့ တကယ်ပဲ ဘာမှ မတတ်နိုင်တော့ဘူးလား
........

ဟုန်လေ့ မနက်ဆို စောစောထ .. တွေ့ကရာ ပစ္စည်း စားပွဲပေါ်ကောက်တင်ပြီး အဲ့တာကို ပုံတူဆွဲကျင့်တာ အလေ့အကျင့်လိုပင် ဖြစ်နေပြီ  .. လက်ရည်လည်း တဖြည်းဖြည်းတက်လာလေပြီ .. သူပျင်းနေလို့ မဖြစ်တော့ဘူးလေ .. အရင်ကလည်း တရက် နာရီ20လောက် အလုပ်လုပ်လာတဲ့သူမို့ ကိစ္စမရှိ .. ပြီးရင် ကျောင်းတက် စာဖတ်.. ကျောင်းက ပြန်ရောက်ရင်တော့ အိပ်ခန်းထဲ တခါတည်း ဝင်ပြီး ကွန်ပျူတာ တလုံးနဲ့ အလုပ်လုပ်သည်.. ကျက်သရေတုံးသော မိသားစုနဲ့ စကားမပြောချင်ပေ .. မနက်စာ နေ့လည်စာ ညစာ အပြင်မှာ တခါတည်း စားရင်စား . မဟုတ်ရင် ခေါက်ဆွဲပြုတ်နဲ့ ပေါင်မုန့် ကော်ဖီ အသင့်စားများနှင့်သာ ပြီးသည် ..

ကံကောင်းတာက မူလဟုန်လေ့က အရမ်းတော်တဲ့အပြင် မှတ်ဥာဏ်က တကယ် လက်ဖျားခါလောက်သည် . ဖေးရဲ့ ရဲ့ နဂို ဥာဏ်ကောင်းမှုနဲ့ ပေါင်းလိုက်တော့ စာအုပ် တအုပ်ကို တခါဖတ်ပြီးရင် နားလည်ပြီး နှစ်ခါဖတ်ပြီးရင် အလွတ်ရနေပြီ ဖြစ်သည်။ Advance physics မှာ IT / Electronic/ စက်ပစ္စည်း ဆိုင်ရာများ အခြေခံမှစ၍ ကျွမ်းကျင်အဆင့်ထိ အကုန်သင်သည်။

The Stranger I love (System)Where stories live. Discover now