Arc 4.7

2K 327 43
                                    

နောက်တနေ့မိုးလင်းသော် ဒေါက်ဖိနပ်သံ တဂွပ်ဂွပ်နှင့် အတူ ဖလဲရာ ဓာတ်ခွဲခန်းထဲသို့ ရောက်လာသည်။ ဓာတ်ခွဲခန်းထဲမှာ လူအားလုံးရဲ့ မျက်နှာများမှာ စိုးရိမ်ရိပ်များ ဖြတ်ပြေးသွားသည်။

ဖလဲရာသည် သူတို့နှင့် အလုပ်အတူတူလုပ်ခဲ့စဉ်က ချစ်စရာ ကောင်မလေး မဟုတ်တော့။ ဖြေဆေးဖော်မြူလာတစ်ခုကို ကိုင်၍ တဖြည်းဖြည်းနှင့် ပြောင်းလဲလာသည်။  လောဘကြီးလာသည်။ ရည်မှန်းချက် ကြီးလာသည်။ ဗိုလ်ချုပ်စတန်လေ၏ အချစ်ကလေး ဖြစ်လာသည်။ လူတိုင်းက သူမကို သဘောကောင်းသော စိတ်ထားဖြူစင်သော မိန်းကလေးအဖြစ် မြင်ကြသည်။ သို့သော် သူမ၏ ဓာတ်ခွဲခန်း ပညာရှင်များအပေါ် ဆက်ဆံမှုက ဆိုးရွားလွန်းသည်။ အထူးသဖြင့် ဓာတ်ခွဲခန်းပိုင်ရှင် ရိုစဲလီအပေါ် ရက်စက်လွန်းသည်။

ဖလဲရာ၏ မယုံနိုင်သော ပြောင်းလဲမှုကို လက်မခံနိုင်သေးတဲ့သူတွေ ရှိသလို ဖလဲရာကို မြင်သည်နှင့် အန်ချင်လောက်အောင် ရွံမုန်းသူများလည်းရှိသည်။ သေချာတာက သူတို့ ဓာတ်ခွဲခန်းမှ မထွက်ရတာ နှစ်လနီးပါး ရှိနေပြီ ဖြစ်သည်။ အပြင်ကမ္ဘာမှာ မည်သို့ ပြောင်းလဲနေသည်ကိုပင် မသိတော့။ မိသားစုကို စိတ်ပူပေမယ့် လူသားမျိုးနွယ်အတွက် အရေးကြီးသည့် သုတေသန ပြုနေရသည်ဟု စိတ်ထဲ ထားကာ သည်းခံခဲ့ကြသည်။ ဤကဲ့သို့ ဖလဲရာ၏ အနိုင်ကျင့်ခံရဖို့တော့ မဟုတ်။ သို့သော် သည်းခံပြီးရင်း သည်းခံရင်းက မည်သည့်အချိန်မှာ ပညာရှင်မှ ကျွန်ပုံစံ ပြောင်းသွားခဲ့သလဲပင် မမှတ်မိတော့ချေ။

နေသန်တညလုံး အလုပ်လုပ်၍ မနက်လင်းခါနီးမှ စားပွဲပေါ် မှောက်လျှက်သား အိပ်ပျော်သွားသည်မို့ ဖလဲရာ၏ ဒေါက်ဖိနပ်သံက အတော်လေး စိတ်အနှောင့်အယှက်ပေးလေသည်။ မျက်မှောင်ကြုတ်၍ ထိုးကိုက်နေသောခေါင်းကို ဖိနှိပ်ကာ ဆိုဖာပေါ် ပြောင်းလှဲလိုက်သည်။ ဒါပေမယ့် ဖလဲရာက အနားရောက်လာကာ
"ဟေ့ .. နင့်ကို အလုပ်လုပ်ဖို့ ခေါ်ထားတာ။ အလုပ်မလုပ်ပဲ အချောင်ခိုနေဖို့ မဟုတ်ဖူး"
"ကျစ်..." 
နေသန် ဆင်ခြေတွေပေးပြီး ပြန်ခုခံရန် စိတ်ကူးမရှိသလို ရန်ဖြစ်ချင်စိတ်လည်းမရှိ။ အဲ့ဒီအစား သူအိပ်ချင်နေသည်။ အိပ်လို့မရအောင် လာလုပ်နေတဲ့သူကို စိတ်တိုလေသည်။

The Stranger I love (System)Where stories live. Discover now