မိတ်ဆက်

21.5K 905 11
                                    

#Mature Content Warning
#Boy Love Warning

(ဤဝတ္တုကို အသက် 18နှစ် မပြည့်သေးသော သူများ မဖတ်စေလိုပါ။ ဖတ်ခွင့် မပြုပါ။

မိမိဦးနှောက်နှင့် စဉ်းစား၍ ချင့်ချိန်ဆင်ခြင်နိုင်သည်ဟု ယူဆမှသာ ဖတ်စေချင်ပါသည်။ Mature/ Violence/ Imaginary World များဖြစ်တာကြောင့် တချို့သော သူများအတွက် အဆင်မပြေနိုင်လောက်သော အပိုင်းအစများ ပါလာနိုင်ပါသည်။

ယောကျာ်းလေး အချင်းချင်း ချစ်ကြိုက်သော အခန်းများ ပါဝင်ပါသောကြောင့် မနှစ်သက်ပါက ဆက်၍ မဖတ်ပါရန်)

(Disclaimer - System ဝတ္တုဖြစ်သောကြောင့် စီနီယာစာရေးသူများ၊ ဖတ်ဖူးသော ဝတ္တုများ၊ ကြည့်ခဲ့ဖူးသော ဇာတ်ကားများ၊ Anime များ မှ အချို့သော အသုံးအနှုန်းနှင့် virtual world တည်ဆောက်မှု တချို့ မှီငြမ်း ထားပါသည်။ ထို့ကြောင့် ဖျက်စေလိုသည့် အကြောင်းအရာရှိလျှင်သော်လည်းကောင်း ပြင်စေလိုသည့်အကြောင်းအရာရှိလျှင်သော်လည်းကောင်း Chatbox မှ တိုက်ရိုက် ပွင့်ပွင့်လင်းလင်း လာပြောနိုင်ပါသည်။ )

————————

System2047က Fei Ye ကို သနားကြင်နာတဲ့ မျက်လုံးများနဲ့ တချက်စိုက်ကြည့်ပြီးမှ မျက်နှာလွဲကာ ဖန်သားပြင်လိုဟာမျိုးဆီ ဦးလှည့်လိုက်သည်

ထို့နောက် လက်ကလည်း System Command တွေ အများကြီးကို ဝေ့ရမ်းကာ ဆက်တိုက်ခေါ်သုံးနေသည် ...

Deleting Memories ...3..2...1...
မှတ်ဥာဏ်တွေ ဖျက်နေပါတယ် 3...2...1....

Creating Virtual Memories Image 3...2...1...
မှတ်ဥာဏ်အတု ဖန်တီးနေပါတယ် ...3...2...1...

Replacing Protagonist Soul 3...2...1....
ဇာတ်လိုက်ရဲ့ ဝိဥာဉ်ကို အစားထိုးနေပါတယ် ....3...2...1
........................................

(Fei Yè)
ဖေးရဲ့က ပျော်ပျော်နေတတ်သူ၊ အကောင်းမြင်တတ်သူ၊ အပေါင်းအသင်းခုံမင်သူဖြစ်သည်။ အမြဲ ပြုံးပျော်နေတတ်တဲ့အပြင် မိဘများကလည်း ချမ်းသာတာကြောင့် ချစ်ခင်သူပေါသည်။ 

ဖေးရဲ့က ဘာကိုပဲသင်သင် သင်ယူတတ်မြောက်လွယ်သည်။ သို့သော် လူတွေကိုလည်း အယုံလွယ်ပြီး အရမ်းကာရော ကူညီတတ်သည်။

တနေ့မှာ ဖေးရဲ့၏ စေတနာဗလပွနဲ့ အယုံလွယ်မှုကြောင့် မူးယစ်ဆေးမှုတခုထဲ ဆွဲသွင်းခံရလေသည်။ သူ၏မိဘများမှာလည်း ရှေ့နေတွေငှါးရ၊ အမှုလိုက်ရနှင့် ရသမျှ လိုက်၍ ဆယ်သော်လည်း အမှုက မလွတ်သည့်အပြင် ဘေးပတ်ဝန်းကျင်မှ ရေနစ်သူကို ဝါးကူးထိုးကြလေသည်။ အမှုက ကြီးသည်ထက်ကြီးသွားပြီး နောက်ဆုံး ဝိုင်းဝန်းလိမ်လည်၍ ဆတ်ကြေးတောင်း ခြိမ်းခြောက်ခံရသည်အထိ ဖြစ်လာသည်။

The Stranger I love (System)Where stories live. Discover now