Arc 1.3

7.8K 814 6
                                    

ဒီအိမ်က ဟုန်လေ့အမေပိုင်တာ ဖြစ်သည်။ ဟုန်လေ့၏ ဖခင်၏ အမဖြစ်သူ ကြီးတော်လင်မယား အခက်အခဲတစ်ခုကြောင့် အိမ်ပေါ်တက် လာနေတဲ့ အချိန် .. ဟုန်လေ့၏ မိဘနှစ်ပါးက ရုတ်တရက် Accident ဖြင့် ဆုံးသွားတာ ဖြစ်သည်။ ဟုန်လေ့က အရမ်း ငယ်သေးတာကြောင့် မမှတ်မိချေ။

ကြီးတော်တို့၏ အခက်အခဲဆိုသည်ကလည်း သူ့ဦးလေး၊ ယွင်ဖန်၏အဖေ လောင်းကစားလုပ်လို့ အကြွေးနဲ့ အိမ်သိမ်းခံရပြီး နေစရာ မရှိတော့ခြင်းသာ။

တကယ်တော့ ဟုန်လေ့အမေက ယခုအိမ်ကို ဟုန့်လေ့အတွက်ဆိုပြီး သေချာပြင်ဆင်ပေးခဲ့တာ ဖြစ်သည်။ သူ့အတွက်အခန်းက ဒုတိယထပ်မှာရှိပြီး လေသာဆောင် ပါသည်။ ဥယျာဉ်ထဲက ပန်းခင်းတွေကို မျက်နှာမူထားသည်။ ဒီအခန်းကိုမှ လိုချင်ပါတယ် ဆိုပြီး ယွင်ဖန်က သွားနေလိုက်သေးသည်။ ဒါပေမယ့် ညတိုင်း အိပ်မက်ဆိုးတွေ မက်တာကြောင့် သုံးရက်လောက်နေပြီး မအိပ်ရဲတော့ ချေ။ ထို့နောက်မှာ ဘယ်သူမှမနေဖြစ်ပဲ ပိတ်ထားလိုက်ကြသည်။

ဟုန်လေ့ဘာလို့ သူ၏အခန်းပြန်ရှင်းခိုင်းရလဲ ဆိုတော့ မူလပိုင်ရှင်ရဲ့ တကယ်နေတဲ့အခန်းက စတိုခန်းသာ ဖြစ်သည်။ ဒီအိမ်မှာ သူ့ကို ဖြစ်သလို ထားတာမို့ ကျောင်းလွယ်အိတ်နဲ့ အဝတ်အစားအနည်းငယ်ကလွဲလို့ အခန်းထဲဘာပစ္စည်းမှ မရှိပေ။

အခု သူ့ပိုင်တဲ့ အခန်းကို တကယ်နေရတော့မည်။ သူလှည့်ပတ်ကြည့်လိုက်သည်။ မဆိုး။ သူနေတဲ့ စတိုခန်းက ပစ္စည်းမရှိပေမယ့် ဒီအခန်းမှာက စုံစုံလင်လင်ရှိတဲ့အပြင် သူ့အမေရဲ့ ပြင်ဆင်ထားတာတချို့ လက်ရာမပျက် ကျန်သေးသည်။  ဒါပေမယ့် အခု သူလိုနေတာကတော့ ကွန်ပျူတာတလုံးပင်။ သူအခန်းရော အရင်နေခဲ့တဲ့ စတိုခန်းရော လှည့်ပတ်ရှာသည်။ ကွန်ပျူတာနဲ့ တူတာ တခုမှ မတွေ့။ ဒါပေမယ့် သူငယ်ငယ်က ဆွဲခဲ့တဲ့ ပန်းချီတွေကို သူ့မာမီက စာအုပ်စင်ပေါ်မှာ စီပေးထားတာ တွေ့ရသည်။

သူ့ခေါင်းထဲ တချက် လက်သွားသည်။ မူလပိုင်ရှင်က ပန်းချီ စိတ်ဝင်စားတာလား။ အဲ့တာဆို သေပြီ။ သူက ပန်းချီနဲ့ ပက်သက်လာရင် အရောင်တောင် သေချာ ခွဲတတ်တာမဟုတ်ဖူးရယ်။ အပြာနဲ့ အစိမ်းကို အမြဲ မှားတတ်တဲ့သူ ။ သူဆက်၍ လှည့်ပတ်ကြည့်သည်။ အယ်ဘမ်ထဲ သေချာထည့်ထားတဲ့ ငယ်ဘဝက ဓာတ်ပုံလေးတွေ၊ သေတ္တာလေးနဲ့ ထည့်ထားတဲ့ အရုပ် သေးသေးလေးတွေ။

The Stranger I love (System)Where stories live. Discover now