Arc 3.15

3.9K 382 20
                                    

တိုးရူက တူမလေးပုံတွေ အမြဲ ပို့ပေးလေ့ရှိပြီး Shou က ပုံပို့ပြီးတိုင်း မကြာခဏ သွားတွေ့လေ့ ရှိသည်။ ပိုင်လင်းဘဝမှာတုန်းကလည်း သူ့ဆီ ဖေးက သားလေးခေါ်ပြီး အမြဲ လာတွေ့တတ်သည်။ ကလေး မချစ်တတ်ဘူးလို့ သူ့ကိုယ်သူ ခံယူထားသော ဖေးရဲ့က အခုတော့ တူမလေးကို ချော့မြူနေတတ်ပြီး ရံဖန်ရံခါ ငိုအောင်ပင် တမင်စနောက်ရတာကိုလည်း နှစ်သက်နေပြီ ဖြစ်သည်။

ဆိုနိုနှင့် Kou က ပုံမှန်ဆို တစ်ယောက် အားနည်းချက် တယောက် ထိုးနှက်ကာ အနိုင်လုနေကျဖြစ်သည်။ သို့ပေမယ့် ဆိုနိုက Kou နှင့် Shou တို့ ရင်သွေးမရနိုင်တာကိုတော့ စကားနှင့်ပင် အနိုင်မယူခဲ့ပေ။ Kou ကလည်း ဆိုနို၏ သမီးလေးကို သားသမီးအရင်းကဲ့သို့ ဂရုစိုက်သည်။

"ကလေး ညဉ့်နက်နေပြီ ပြန်ရအောင်လေ"
"အွန်း .. တိုးရူ ကျနော်တို့ပြန်ဦးမယ်"
"အေးပါ ကစားစရာတွေ ဝယ်မလာနဲ့တော့ အိမ်မှာ ထားစရာ မရှိတော့ဘူး"
"အာ့ဆို အိမ်တလုံး ထပ်ဝယ်ပေးမယ်"
"ဟမ် အသာလုပ်ပါဟ"
"တကယ်ပြောတာ"
"အပြောင်အပျက်တွေ တော်တော့ .. နောက်ကျနေပြီ .. ဂရုစိုက် မောင်းဦးနော် Kou"

လမ်းတွင် Aki ထံမှ ဖုန်းဝင်လာသည်။
"အကိုShou .. ကျနော်တို့ Data server ပေါက်သွားပြီး နောက်လာမယ့် Banner က data တွေ leak ဖြစ်နေတယ်။ ရင်းနှီးမြှပ်နှံသူတွေက ဒေါသထွက်နေကြတယ်။ Technical Team က ရှင်းနေပေမယ့် Server က Security ပေါက်နေတော့ အကို သိမှ ဖြစ်မယ် ထင်လို့"
"အွန်း ဘာတွေ ပြင်ဆင်ထားပြီးပြီလဲ"

"ရုံးကို သက်ဆိုင်ရာ Technical ပိုင်းက ဆရာတွေ Urgent ခေါ်ထားတယ်။  မိနစ်20 အတွင်း ရောက်မယ်။ ရုံးမှာ ရှိပြီးသားသူတွေက overtime ဆက်ဆင်းပြီး ယိုပေါက်ရှာနေတယ်။ ဒါပေမယ့် တွေ့ပုံမပေါ်ဘူး"

Shou က တည်ငြိမ်စွာနဲ့ ဆက်ညွှန်ကြားသည်။
"Okay .. Server maintenance ကြေငြာထားပေး။ Marketing Department နဲ့ တိုင်ပင်ပြီး player တွေကို ငွေကြေးအားဖြင့် မများပေမယ့် ကျေနပ်စေလောက်မယ့် Alternate compensation package တစ်ခု ပြင်ထားပေး။ ပြီးရင် Main Server ကနေ အရံ Server ပြောင်းဖို့ ပြင်ဆင်ထား"
"အကို အရံ Server က ခဏပဲ သုံးလို့ရမှာ .. "
"ကိစ္စမရှိဘူး ကိုယ်တို့လည်း ခဏပဲ သုံးမှာ"
"ဟုတ် အကို Main Server ကိုက ဘယ်လို .."
"စိတ်အေးအေးထား .. ကိုယ်လာခဲ့မယ် အဲ့တာပဲ အရင်လုပ်ထားပေး"
"ဟုတ် အကိုShou"
"ဪ .. ကိုယ့်ကွန်ပျူတာ ဖွင့်ထားပေးဦး"
"ဟုတ် အကို"

The Stranger I love (System)Where stories live. Discover now