Arc 1.5

7.6K 851 3
                                    

ဟုန်လေ့ ရုတ်တရက် မှင်သက်နေမိသည်။

ဒါဘယ်လို အခြေအနေကြီးလဲ။

အသားချင်းမထိပေမယ့် ရင်ခွင်ထဲရောက်နေသော ပုံစံကြီးကြောင့် ကိုယ်ကို ကျုံ့ပြီး အလိုလို အသက်ရှူအောင့်မိသွားသည်။ ထိုလူက ထပ်ပြီး mouse နဲ့ keyboard ကို လက်တဖက်တည်း အသုံးပြု၍

"Honkai က ခိုင်မာတဲ့ အိမ် ခြံ မြေ စျေးကွက်ကို ဦးဆောင်နေပြီး သူ့လက်အောက်မှာ Entertainment ကုမ္ပဏီနှစ်ခု ရုပ်သံလိုင်းတချို့နဲ့ Fashion Brand 5ခု ရှိတယ်။ သူ့ဆီမှာ ရင်းနှီးမြှပ်နှံတာက မင်းလုံးဝမရှုံးနိုင်ဘူး .. "

ဟုန်လေ့ မှင်သက်နေရာမှ ကျုံ့ကျုံ့လေး ငုံ့ထိုင်ပြီး ကွန်ပျူတာကို ပြန်ကြည့်သည်။ ထိုသူပြတဲ့ အချက်အလက်တွေကို စစ်လိုက်သည် ..

ထိုသူကပဲ ဆက်ပြီး

"Devilish မှာ လုပ်လတ်စ project အများကြီးရှိတယ် တက်လမ်းရှိတယ်ဆိုပေမယ့် လောလောဆယ် သူအောင်မြင်နေတာက 3D နည်းပညာလေး တစ်ခုတည်း။ ပြီးတော့ သူ့ရဲ့ နည်းပညာက ခုမှ စမ်းခါစပဲ ရှိသေးတယ်။ ဘယ်လောက်ထိ အောင်မြင်နိုင်မယ်ဆိုတာ မပြောတတ်သေးဘူး။ နည်းပညာအသိုင်းအဝိုင်းရဲ့ စကားအရ သူတို့ 3D ကို စပြီးမိတ်ဆက်ခဲ့ပေမယ့် နောက်ထပ် Product တွေ ထုတ်ဖို့ လုံလောက်တဲ့ နည်းပညာမရှိပဲ တန့်နေတယ်။ ဘဏ္ဍာရေးအခက်အခဲလည်း ရှိနေတယ် ကြားတယ် " 

"ဟုတ်တယ် ဒါပေမယ့် ကျနော်ထင်တာက Devilish က မကြာခင်မှာ တခြားသော ရှယ်ယာတွေထက်ပိုပြီး စျေးတက်သွားပြီ။ အမြင့်ဆုံးကိုရောက်လိမ့်မယ်လို့ ထင်တယ်။ ကျနော့ ငွေက အရမ်းနည်းနေတယ် ငြိမ်နေတဲ့ လုပ်ငန်းကို ထည့်လိုက်ရင် အကျိုးအမြတ်က သာမာန်ပဲ။ လှိုင်းလို ထိုးတက်သွားမယ့် လုပ်ငန်း တခုကို ကျနော် ပိုပြီး စိတ်ဝင်စားတယ်။ ROI များတာကိုပဲ လောင်းကြေးထပ်ချင်တယ်"  (ROI = return on investment)

ထိုလူက ဟုန်လေ့ပေါ်က အုပ်မိုးနေရာမှ ဘေးမှ ထိုင်ခုံတခုကို ဆွဲထိုင်ကာ ဟုန်လေ့ထိုင်နေတဲ့ခုံကိုလည်း သူ့ဘက်ဆွဲလှည့်လိုက်ပြီး အရောင်တောက်နေတဲ့ မျက်လုံးများနဲ့ မျက်နှာချင်းဆိုင်စေလိုက်သည်။

ဟ .. အသာလုပ်ပါဟ ..

"မင်း ဘာလို့ ဒီလို ထင်တာလဲ။ Devillish က ထိုးတက်သွားလိမ့်မယ်လို့ ဘာလို့ ထင်တာလဲ"

The Stranger I love (System)Onde as histórias ganham vida. Descobre agora