Arc 3.8

4.2K 565 37
                                    

"လေးယောက်စီ သုံးRound ပေါ့ ဒါမှ Light က Event မှာ Damage အများဆုံး ဘယ်လို ရလဲဆိုတာ အတည်ပြုပေးနိုင်မယ် မဟုတ်လား"

"အိုကေ .. သဘောတူတယ်"

Hanzo ရဲ့ Guild က ဝါအရင့်ဆုံး Guild ဖြစ်သည်နှင့် အညီ Top Rank Player များစွာ ရှိသည်။ Hanzo က Top 50အတွင်း ဝင်သောသူ ဆယ့်နှစ်ယောက်ကို ရွေးချယ်၍ ယှဉ်ပြိုင်စေသည်။ ထိုသူတို့ကို Standard Party Group ပုံစံအရ ဖွဲ့စည်းထားခြင်းဖြစ်ပြီး တဖွဲ့မှာ Knight-2/Archer/Healer ပါဝင်သည်။

Kou ကတော့ ကိုယ့် အဖွဲ့ ဘက်ကို လှည့်၍
"ဘယ်သူ ပြိုင်ချင်လဲ" ဟု ပွင့်ပွင့် လင်းလင်း မေးလိုက်သည်။

ထိုသို့ မေးလိုက်ခြင်းကြောင့် အခြားအဖွဲ့သားများ၏ စိတ်ထဲတွင် Kou ဘက်မှ Hanzo ၏ Top Player များနှင့် ယှဉ်ပြီး ပြိုင်နိုင်မည့်သူ မရှိသောကြောင့် Volunteer ခေါ်သည်ဟု ထင်မြင်ကြသည်။ 

သို့သော် အထင်နှင့် အမြင် ကွာခြားလှစွာ Light အဖွဲ့သားများက လေးပုံတစ်ပုံလောက် လက်ထောင်ကြသည်။ Kou က တည်ငြိမ်စွာဖြင့် 3 ယောက် ရွေးလိုက်သည်။

သုံးယောက်ထဲ ရွေးလိုက်ပေမယ့် ထိုသုံးယောက်မှ မိမိ၏အုပ်စုထဲ ခဏတီးတိုးတိုင်ပင်၍ နောက်တစ်ယောက်ကို ခေါ်ကာ လေးယောက် တစ်ဖွဲ့ စင်ပေါ်တက်လာသောကြောင့် Hanzoက မျက်ခုံးတဖက် မြင့်တက်သွားသလို စိတ်ထဲတွင်လည်း Light ရဲ့ Teamwork ကို အနည်းငယ် အထင်ကြီးသွားမိသည်။

Round 1 တွင် Kou ဘက်မှ Knight-2/Archer-2ပါဝင်သည်။ ခံစစ်ထက် တိုက်စစ်ကို ဦးစားပေးသည်။ Healer မပါဝင်တာမို့ တိုက်ခိုက်မှု ကြမ်းသည်။ ပြင်းထန်သည်။ ညီညွတ်သည်။ သို့သော် အငယ်ဆုံး Archer ရဲ့ စိတ်လောတဲ့ အမှားလေး တစ်ခုကြောင့် Knight တစ်ယောက် ထိသွားပြီး လေးယောက် သုံးယောက်မို့ Top Rank Player များကို မယှဉ်နိုင်ပဲ ရှုံးသွားသည်။

Kou က မျက်နှာအမူအရာ တချက်တောင် မပြောင်း ပဲ တည်ငြိမ်စွာ ရှိနေသည်။ Archer လေးက တောင်းပန်သည်။ Sono က ပြုံး၍ ထပ်လေ့ကျင့်တာပေါ့ဟု ပုခုံပုတ်၍ အားပေးသည်။ တဖွဲ့လုံး ဦးညွတ်၍ အေးအေးဆေးဆေး ထွက်ခွါသွားသည်။
"ငါတို့Guild မှာ အဲ့လို အားပေးမယ့် idol သာရှိရင် ဘယ်နှခါရှုံးရှုံး ပြန်ထ တိုက်ခိုက်မိမှာပဲ"လို့ မိန်းကလေး player များက တွတ်ထိုးနေသည်။ 

The Stranger I love (System)Where stories live. Discover now