Arc 3.1 Game World - Hikari Shou

8.4K 627 56
                                    

စုန့်လီချင်းက နန်းတက်ပြီးနောက် စုန့်ရိမင်၊ ထျင်လဲ့ နှင့် ထျင်ပိုင်လင်းတို့၏ အကြံဥာဏ်၊ အကူအညီများကြောင့် နိုင်ငံက တရှိန်ထိုး တိုးတက်လာပြီး ကျင်းနိုင်ငံထက်ပင် သာလွန်လာသည်။

ထို့ပြင် စုန့်လီချင်းက အနိုင်အထက်ပြုခြင်း၊ စစ်မက်ပြုခြင်း မရှိပဲ နှစ်စဉ် နိုင်ငံအသီးသီးမှ အတော်ဆုံးသူများကို စုပေးကာ စာပေ၊အနုပညာနှင့် နည်းပညာအသစ်အဆန်းများ ဖလှယ်ပွဲကို အိမ်ရှင်နိုင်ငံအဖြစ် ဧည့်ခံပြုလုပ်ပေးသေးသည်။

ထိုပွဲကို မင်းသားစုန့်ရိမင်၏အိမ်သူ ထျင်ပိုင်လင်းက တာဝန်ယူကြီးကြပ်ပေးပြီး ထျင်ပိုင်လင်းပေးသောဆုသည် တန်ဖိုးအကြီးဆုံး မဟုတ်ပေမယ့် တလောကလုံးမှာ ဂုဏ်ဒြပ် အရှိဆုံးဆုတံဆိပ် ဖြစ်လာသည်။

စုန့်ရိမင်က ပိုင်လင်း ဘာလုပ်လုပ် ကြည်ကြည်ဖြူဖြူ လိုက်လျောပေးတတ်ပြီး ပိုင်လင်းအပြင်ထွက်တိုင်း ဘေးက အမြဲလိုက် စောက်ရှောက်ပေးချင်တာမို့ အိမ်ရှေ့စံရာထူးကိုတောင် မယူခဲ့ပေ။

ထျင်ပိုင်လင်းသည် စုန့်နိုင်ငံမှာ အတော်ဆုံး အချောဆုံး Ger ဖြစ်ခဲ့ပြီး သူရေးတဲ့ ပန်းချီ၊ သူတီးခတ်တဲ့ ဂီတတွေက နောက်လူငယ်တွေအတွက် စံနမူနာထားစရာ ဂန္တဝင်မူများ ဖြစ်လာသည်။

ပိုင်လင်းက ကိုယ်ရံတော် ဆယ်ဦးလုံးကို သက်ဆိုင်သူရှိလျှင် လက်တွဲပါဟု ခွင့်ပြုသော်လည်း 'ဖေး' တစ်ယောက်မှ လွဲ၍ ကျန်သူများက ပိုင်လင်းအနားတွင်သာနေခဲ့ကြပြီး ဖေးကလည်း သူ့ရဲ့သားဖြစ်သူ Ger လေးကို ရံဖန်ရံခါ ခေါ်လာပြီး လာတွေ့တတ်သည်။

"သခင်လေး .. ကလေးမယူသေးဘူးလား"
"ဟင့်အင်း မယူတော့ဘူး"
"ဘာလို့လဲ မင်းသားက မလိုချင်ဘူးပြောလို့လား"
"သူကတော့ လိုချင်နေတာပေါ့ကွာ .. ငါက နာမှာကြောက်လို့ စကားမဟဘူး ဟီး .."

"အွန် ..
Haha သခင်လေးရယ် .. စစ်ပွဲမှာ ဦးစီးလာတဲ့ စစ်သူကြီးချုပ်က ဒဏ်ရာတွေရတာကျ နာမှာ မကြောက်ပဲ ဒါကျ ကြောက်တယ်ပေါ့"
"အဟီး .. မတူဘူးလေ"

The Stranger I love (System)Where stories live. Discover now