Arc 2.9

5.9K 691 9
                                    

"မိဖုရားခေါင်ကြီးကို ဂါရဝပြုပါတယ်"
"ထျင်ပိုင်လင်း အတင့်ရဲလှချည်လား .. ဒီလောက် ကောလဟာလတွေ ထွက်နေတာတောင် အိမ်ရှေ့စံနဲ့ နှစ်ဦးထဲ တွေ့ရဲသေးတယ်"
"မိဖုရားကြီး .. အိမ်ရှေ့စံက အကိုတော် ထျင်လဲ့ ကျနော့မျိုးဆီ လာလည်မယ်ဆိုလို့ လာစောင့်တာပါ။ ခုလေးပဲ ရောက်တာပါ။ ပြီးတော့ .. ကျနော်မျိုးတို့က မဟုတ်တာလုပ်နေတာမှ မဟုတ်ပဲ။ မတွေ့ရဲစရာ အကြောင်းရှိလို့လား"

"အပြင်မှာ ကောလဟာလတွေ ဒီလောက်ထွက်နေတာ နည်းနည်းပါးပါး ဆင်ခြင်မယ် မရှိဘူး။ နေမကောင်းဖြစ်နေတဲ့သူကိုမှ အားမနာ။ ထျင်လဲ့က ဘယ်မှာလဲ ငါ့ကို လာညာမနေနဲ့"

"ကျနော် မင်းသားအပေါ် အားနာစရာကောင်းတဲ့ အပြုအမူမျိုး ဘာမှ လုပ်မထားပါဘူး။ အကိုတော်က ခဏနေ ရောက်ပါမယ်။ မိဖုရားကြီး လာရင်းကိစ္စကိုသာ အမိန့်ရှိတော်မူပါ"

"ထျင်ပိုင်လင်းနဲ့ အိမ်ရှေ့စံတို့ မင်းသားတစ်အိမ်တော်မှာ အမြင်မတင့်တာတွေ လုပ်နေတယ်ကြားလို့ လာကြည့်တာပဲ။ ကြားတဲ့အတိုင်းပဲ လက်ပူးလက်ကြပ်မိနေပြီ။ ဒါနဲ့တောင် အကိုလာမယ်ဆိုတာ အကြောင်းပြပြီး ငြင်းချင်သေးတယ် ဟွန့်

လာကြစမ်း .. ပိုင်လင်းကို ဘုရားကျောင်းမှာ မင်းသားသတိရလာတဲ့ထိ ဒူးထောက်ပြီး ဆုတောင်းခိုင်းထားလိုက်"

"ရပ်လိုက်စမ်း"
အိမ်ရှေ့စံက ပိုင်လင်းဆီ လာနေသူများကို အော်ငေါက်လိုက်သည်။

"မယ်တော် လွန်နေပါပြီ။ စစ်သူကြီးက ပိုင်လင်းဆီ လာတွေ့တယ်။ ကျနော်က သတင်းကြားလို့ စစ်သူကြီးကို ဒီမှာလာစောင့်နေရုံတင်ပါ"

"ဒါပေမယ့် ထျင်လဲ့ မရှိနေဘူးလေ။ မင်းတို့အပြစ်ကို ဖုံးကွယ်ချင်နေတာလား"

ထျင်လဲ့ ရောက်လာမယ် မသိတဲ့ အိမ်ရှေ့စံမှာ ဘာပြောရမှန်း မသိတော့ပေ။ ပိုင်လင်းကသာ ယုံကြည်မှုအပြည့်နဲ့ တည်တည်ငြိမ်ငြိမ်ရှိသည်။ ထိုစဉ် ဟေး အခန်းထဲသို့ ဝင်လာပြီး 

"သခင်လေး ထျင်စစ်သူကြီးရောက်ပါပြီ"
မိဖုရားခေါင်ကြီး ".........."

"မိဖုရားခေါင်ကြီးကို ဂါရဝပြုပါတယ်"
"ထျင်လဲ့ မင်းညီကို ဒီလိုပဲ ဆုံးမသွန်သင်ထားသလား .. နေတာထိုင်တာကျ အပြောအဆိုမလွတ်ပဲ ငါ့ကို တခွန်းမကျန် ပြန်ပြောနေတယ်"

The Stranger I love (System)Where stories live. Discover now