Arc 1.16

6.3K 725 15
                                    

Drip ထိုးတုန်းက သတိလစ်နေလို့ မသိလိုက်ပေမယ့်.. Drip ဖြုတ်မှ ကလေးလို ကုန်းအော်ငိုသော ဟုန်လေ့ကြောင့် တအိမ်လုံး ရန်ကျင့်အခန်းသို့ ရောက်လာသည် ..

မျက်ရည်တွေရွှဲပြီး မျက်စိကြီး အတင်းပိတ်ထားသောသူ့ကို ရန်ကျင့်က ဖက်ထားပြီး .. ဖြုတ်ပြီးပြီ ဖြုတ်ပြီးပြီ မျက်စိလေးဖွင့်ကြည့်ပါဦးဆိုပြီး စနေသည် ... ဆရာဝန်ကလည်း ရယ်နေသည် .. .

ရန်ကျင့်၏ အဖေနဲ့ မိထွေးမှာလည်း တယောက်မျက်နှာတယောက်ကြည့်ကာ ရယ်ရခက် ငိုရခက်ဖြစ်နေသည် .. ဖန်းဟော်ကပါ ရောက်လာကာ မျက်ရည်လေးလည်ပြီး ပြုံးနေသည် .. သူမ သခင်လေးက ဒီအိမ်မှာ အချစ်ခံရတယ် .. တော်သေးတာပေါ့ ..

ဟုန်လေ့ ရှက်ပြီး ရန်ကျင့်ကို မကြည့်ရဲတာကြောင့် သတင်းစာကြီး ထောင်ကာ ခေါင်းကြီးငုံ့၍ စားနေသည် .. တော်သေးတယ် ရန်ကျင့် ပါးနဲ့မားက စားပြီးပြီမို့ ..
ဟုန်လေ့ ကိုယ်ဘာသာ သွားနမ်းပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ .. တခန်းလွတ်နေသည် .. ရန်ကျင့် ရှေ့တွေ တည်ငြိမ်နေပေမယ့် စိတ်ထဲတွင် ကမ္ဘာ ပျက်နေပြီ ..

What❗️အတည်ကြီး ‼️..
ငါဆိုတဲ့ကောင်က ရန်ကျင့်ကို သွားနမ်းတယ်❓
ရန်ကျင့်သိရင် သောက်ကျိုးတွေတော့ နည်းတော့မှာပဲ ..
သိသွားလား .. မသိလောက်ပါဘူးနော် .. သိများသွားလားပဲ ..

တချက်ချောင်းကြည့်လိုက်သည် .. ရန်ကျင့်ကလည်း ကြည့်နေ၍ .. မျက်နှာကြီးရဲကာ ခေါင်းပြန်ငုံပြီး သတင်းစာနဲ့ ကွယ်လိုက်သည် .. စားပွဲတဖက်မှ ရန်ကျင့်မှာတော့ ရယ်ချင်တာ အောင့်ထားရလွန်းလို့ ဗိုက်တွေတောင် နာနေပြီ ..

"အဟမ်း .. ကိုယ် ညက အိပ်မက်မက်တယ် .. က်ိုယ့်ကို နတ်သားလေးတယောက်က လာနမ်းတယ်တဲ့"

ဟုန်လေ့ သိသွားတာလားဆိုပြီး တုန်လှုပ်စွာ လှမ်းကြည့်လိုက်သည် .. သူ့ကို စိုက်ကြည့်ကာ ပြုံးနေသော ရန်ကျင့်ကြောင့် .. ခေါင်းကို မိုးကြိုးပစ်ချလိုက်သလိုပဲ .. သွားပြီ .. သိနေတာပဲ

ဟုန်လေ့ စကားတွေ ထစ်ကာ ..
"သိ .. သိနေတာလား ..
ရန် ... ရန်ကျင့် အဲ့တာ အဲ့တာက ငါ ဒီအတိုင်း"
"ဘာဒီအတိုင်းလည်း မရပါဘူးနော် .. ဒီက လူပျို နုနုထွတ်ထွတ်လေးကို .. လုပ်ချင်တာ လုပ်ပြီးမှ တာဝန်မယူချင်တာလား"

The Stranger I love (System)Where stories live. Discover now