Arc 3.12

4.3K 583 23
                                    

Kou က Shou ကို အနည်းငယ် စိုက်ကြည့်ပြီးနောက် အကြည့်လွှဲသွားသည်။ အနည်းငယ် အားနည်းပြီး ဖြူဖျော့နေသေးပေမယ့် Shou ရဲ့ သွားအစွယ်လေးများပေါ်အောင် ရယ်နေပုံလေးက အရမ်း ချစ်စရာကောင်းလွန်းသည်။

"ကလေး ဘယ်တော့ ဆေးရုံ ဆင်းရမှာလဲ"
"ကျနော် သန်ဘက်ခါဆို ဆင်းလို့ ရပြီ။ ဒါပေမယ့် တပတ် နှစ်ခါ ခြေထောက်အတွက် လေ့ကျင့်ခန်း ပြန်လာလုပ်ရမယ်"

"ကိုယ်တို့က ဒီနေ့ ဆင်းလို့ရပြီ။ မနက်ဖြန်တော့ ကိုယ် အလုပ်လုပ်လိုက်ဦးမယ်။ သန်ဘက်ခါ ကိုယ်လာကြိုမယ်လေ"
"အွန်း အိုခေ"
"ကလေး ဖုန်းခဏ"

Shou က lock ဖြည်၍ ပေးလိုက်သည်။ Kou က သူ့ဖုန်းကို တစ်ချက်ခေါ်လိုက်ပြီး contact save လုပ်ပေးသည်။
"ကိုယ် သူတို့ ဖုန်းနံပါတ်တွေ msg ပို့ထားပေးမယ်။ ကိုယ်တို့ Group chat ထဲလည်း ထည့်ထားပေးမယ်"
"အွန်း"
"တခုခုဆို ကိုယ့်လက်ထောက်ကို ခိုင်းလိုက်။ သူ့ဖုန်းလည်း ပို့ထားပေးတယ်"
"အွန်း အိုခေ"

Aki က "ကျနော့ကို ခိုင်းလည်း ရတယ်လေ။ ကျနော် အားနေတာ။ နှစ်နှစ်ကြာပြီဆိုတော့ ပတ်ဝန်းကျင်နဲ့ နည်းနည်းစိမ်းနေသေးပေမယ့်လည်း ဟဲဟဲ"
"Okay  လိုရင်ဖုန်းဆက်မယ်လေ။ 5mins အတွင်း ရောက်မလာရင် နောက်ဆို ရည်းစားရဖို့ မမျှော်လင့်နဲ့"
"အာ .. အကို Shou ကလည်း ကျနော် ဘယ်မှာ ဖွန်ကြောင်တော့လို့လဲ .. "
"haha .."

ဆိုနိုက
"အဲ့လိုဆို Shou နားလိုက်ဦး ကျနော်တို့ပြန်တော့မယ်"
"ဆိုနို ခဏ .. တိုးရူ ဖုန်းနံပါတ် ရပြီးပြီမလား" Shou က ရယ်ကျဲကျဲနဲ့ မေးသည်။
ဆိုနိုက ရယ်ကာ လည်ပင်းပွတ်၍
"အကို ပို့ပေးထားမယ်" ဟု ဆိုသည်။

"ကျနော်လည်း အားလုံးကို ကျနော့ဖုန်းနံပါတ် ပို့ပေးထားပါမယ်။ လိုအပ်တာရှိလည်း ပြောပါ။ ကျနော့ကို Blade နဲ့ Chiyo Iku နံပါတ်ရရင်လည်း ပို့ပေးပါဦး"
"Okay"

Kou တို့ ထွက်သွားသည်နှင့် Shou ဖုန်းကို ကြည့်လိုက်သည်။ msg တစ်စောင် ရောက်နေပြီး ပို့တဲ့သူနာမည်က "Husband" ဖြစ်သည်။ တစ်ယောက်ချင်းစီရဲ့ ဖုန်းနံပါတ်များ ပို့ပေးထားသည်။ ဖုန်းကို စစ်ကြည့်လိုက်တော့ tracking app တစ်ခု icon မပေါ်ပဲ ဝင်နေတာတွေ့ရသည်။

The Stranger I love (System)Where stories live. Discover now