Arc 4.6

2K 307 17
                                    

Nadasiha - ဇက်ခရွန်များရောက်နေတဲ့မြို့
Cassiofia - အိန်းဒရူးစခန်း Vex ရှိရာ မြို့
Fluto -  ဖလဲရာရှိရာ မြို့

ဖလဲရာက ဗိုလ်ချုပ်စတန်လေအား ပူဆာနေသည်။
"မောင်က ဒီဟာလေးတောင် မလုပ်ပေးနိုင်ဘူးလား။ ဒီနမူနာတွေမှ မရရင် လူသားမျိုးနွယ်ကို ကယ်တင်ဖို့က မဖြစ်နိုင်တော့ဘူး။ သဲတို့ရဲ့ အနာဂတ်က မတွေးရဲစရာတွေ ဖြစ်ကုန်တော့မှာ"

"မောင် လုပ်ပေးချင်ပါတယ်။ ဒါပေမယ့် ဇက်ခရွန်တွေရဲ့ နျူးကလိယက်စ်ကို မပျက်မဆီးပဲ ထုတ်ဖို့ဆိုတာက စွမ်းအားရှင်တွေမှ အဆင်ပြေမှာလေ။ မောင်တို့မြို့ရဲ့လူတွေက တာဝေးလက်နက်နဲ့ဖြိုခွင်း အဝေးကပဲ သေနတ်နဲ့ပစ်လို့ အဆင်ပြေမှာ။ အနီးကပ်သွားရင်း မတော်လို့ ဇက်ခရွန်အရည်တခုခုနဲ့ထိမိရင် မြို့တော်မှာ ဇက်ခရွန်တွေကူးစက်လာမှာပေါ့"

"မရဘူးကွာ မောင်တခုခု ကြံစည်ပေး မဟုတ်ရင် လူသားတွေအတွက် အန္တရာယ်ရှိလာတော့မှာ"

"အွန်းပါ။ သဲ စိတ်မပူနဲ့။ မောင် တမျိုးမျိုးနဲ့ ကြိုးစားကြည့်ပေးပါ့မယ်။ နှုတ်ခမ်းကြီး မဆူနေနဲ့တော့ .. ဟုတ်လား"

ဗိုလ်ချုပ် စတန်လေ (Stanley) က အုပ်ချုပ်ရေးပိုင်း အကြီးအကဲ ငါးယောက်နှင့်အတူ တိုက်ခိုက်ရေးဘက်မှ ကျွမ်းကျင်သူတချို့ပါ ခေါ်ယူ၍ အရေးကြီးအစည်းအဝေးပြုလုပ်သည်။ နမူနာယူဖို့ ကိစ္စများကို ရှင်းပြ၍ မည်သို့ မည်ပုံရယူကြမည်ဆိုတာကို ဆွေးနွေးနေသည်။

"မင်းရဲ့ ဖြေဆေးအတွက် နမူနာကရော တကယ်လိုတာလား။ အဲ့လောက် လူအများကြီးသုံးစရာရော လိုလို့လား"
"လိုတယ်။ သုတေသနဌာနရဲ့ အကြီးအကဲ ဖလဲရာကိုယ်တိုင် ဦးစီးပြီး လုပ်နေတာဆိုတော့ လိုလို့ပေါ့။ မဟုတ်ပဲ ကိုယ့်လူတွေကို ဒီလို အန္တရာယ်ရှိတဲ့အလုပ်မျိုး လုပ်ခိုင်းစရာလား"

"အေးလေ ဖလဲရာက ဒီလောက်ကြိုးစားထားတာ။ နမူနာယူဖို့လောက်တော့ ကျနော်တို့က ကူညီပေးရမှာပေါ့။ အကြီးအကဲက ဖလဲရာကို အမြင်မကြည်ဘူးဆိုတာ သိပေမယ့် ခင်ဗျားစကားက ဘယ်လိုကြီးလဲ"
အတော်များများက ဖလဲရာကို စိတ်ထားလှသူလေးအဖြစ် သိထားပြီး အကြီးအကဲထဲမှ နှစ်ဦးကသာ စွမ်းအားမရှိပေမယ့် စိတ်စွမ်းရည် မြင့်မားတာကြောင့် အမှန်ကို မြင်နေပြီး အမြင်မကြည်လင်ခြင်းဖြစ်သည်။ သို့သော် အများနှင့် တယောက် ဖြစ်သည့်အပြင် ဖြေဆေးကိစ္စသည် တကယ်လည်း လိုအပ်နေတာကြောင့် ဘာမဟုတ်တဲ့ ကိစ္စဖြင့် အချင်းချင်းကြား အကျယ်အကျယ် မဖြစ်လိုပေ။

The Stranger I love (System)Where stories live. Discover now