Arc 3.7

4.3K 587 27
                                    

အခြား အဖွဲ့များမှာ HP နိမ့်လျှက်နဲ့ ဇွတ်တိုက်နေရသူ၊ ထွက်ပြေးသူ၊ တိန်းရှောင်သူများနဲ့ ဖရိုဖရဲ ဖြစ်နေချိန် Light အဖွဲ့သားများကတော့ တိကျတဲ့ လမ်းညွှန်မှုအောက်မှာ တည်ငြိမ်စွာ ခုခံနေဆဲ ဖြစ်သည်။ ထိုစဉ်တွင် Player Town ၏ တောင်ဘက်မှ ပထမဆုံးခံတပ် ကျိုးသွားပြီ ဖြစ်ကြောင်း Game System မှ Event Announcement တက်လာသည်။

Shou မှာက Player များကို ကူပေးဖို့ mission ရှိနေသေးသည်။ ခံတပ်ကျိုးတာ ကိစ္စမရှိပေမယ့် အဖိတ်အစင်များသွားလျှင် mission က ရှုံးသွားနိုင်သည်မို့

"Toru ခဏထိန်းထားပေး .. 5mins အတွင်း ပြန်လာခဲ့မယ်"
"ရတယ် စိတ်ချ ထားခဲ့လိုက်"
Kou တားချိန်မရလိုက် Shou က လှစ်ကနဲ မြင်ကွင်းမှ ပျောက်သွားသည်။ 'အာ ဒီကလေး .. ' သူလည်း လိုက်သွားလို့ မဖြစ်သည်မို့ ရှေ့က တိုက်ပွဲကိုသာ မကျေမနပ်နှင့် အာရုံပြုလိုက်ရသည်။

Shou အလျှင်မြန်ဆုံး speed နဲ့ တောင်ဘက်ခံတပ်ကို ပြေးသွားသည်။ သွားသည့် တလျှောက် Ultimate Heal ကို ဖွင့်သွားသလို မြှားဖြင့် Damage ကာသော Defense မန္တန်နှင့် Attack Damage 2ဆ တိုးသော မန္တန်ကို တီးခတ်သွားသည်။ တောင်ဘက်က Guild များရဲ့ခေါင်းဆောင်က သူကိုယ်တိုင်တော့ အရမ်းတော်ပေမယ့် အတွေ့အကြုံနုသေးသူမို့ အစီမမံ မတတ်၍သာ ကစဉ့်ကလျား ဖြစ်နေတာ ဖြစ်သည်။ တိုက်ခိုက်ခုခံနိုင်သည့် player ဦးရေက အလုံအလောက်ရှိသည်။

Shou ရဲ့ Ultimate Heal ကြောင့် ခရမ်းရောင်အလုံးလေး ပြေးလာသည်သာ မြင်ရပြီး သူတို့ ဘေးမှ ဖြတ်သွားချိန်မှာ Attack Damage တိုး၍ အထိနာတဲ့နှုန်း သိသိသာသာလျော့သွားသည်ကို ခံစားမိလိုက်သည်။ သူသူကိုယ်ကိုယ် သွေးပြန်ပြည့်လာသည်နှင့် စိုးရိမ်လှုပ်ရှားနေသည့်စိတ်များ တဖြည်းဖြည်းနဲ့ ငြိမ်သက်လာသည်။

"A Rank တွေ ဆယ်ယောက်တစ်တန်း စီမယ် , Healer 1 ယောက် နောက်မှာနေ, ကိုယ့်ရှေ့က ရန်သူကိုပဲ တိုက်ခိုက်မယ်။ သူများရှေ့ကဟာကို အာရုံမရောက်နဲ့။ တစ်ကောင်ပြီးမှ တကောင်သတ်မယ်"
Shou က အော်ပြောပြီး ပြေးလမ်းမှ ရှိတဲ့သူများကို တခါတည်း ဆွဲဆတ်၍ စီပေးသွားသည်။

ယခင်ဘဝက စစ်တိုက်ခဲ့သည့် အတွေ့အကြုံများကြောင့် အဖေနှင့်အကိုထျင်စစ်သူကြီး နှစ်ယောက်ကိုလည်း ကောင်းကောင်း ကျေးဇူးတင်မိသည်။

The Stranger I love (System)Where stories live. Discover now