Arc 1.4

7.6K 858 4
                                    

အတန်းထဲရောက်တော့ အရင်ခန္ဓာကိုယ်၏ မှတ်ဥာဏ်အရ သူ့နေရာဖြစ်တဲ့ နောက်ဆုံးခုံမှာ ဝင်ထိုင်လိုက်သည်။ သူက နောက်ဆုံးတန်းမှာ တယောက်တည်းထိုင်ရတာဖြစ်သည်။ သူ့ခုံအောက်က အံဝှက်လေးထဲမှာ ရောင်စုံခဲတံ ဖယောင်းဆွဲတံနဲ့ ဆော့ပင် အနည်းငယ် တွေ့ရသည်။ ဒါ မရှိတဲ့ကြားက ခြစ်ကုပ်စုထားရတာတွေနေမှာ။ ဖေးရဲ့စိတ်မကောင်း ဖြစ်သွားသည်။ စာအုပ်တိုင်းကို လိုက်လှန်ကြည့်သည်။ သူ့ရဲ့ လက်ရှိအခြေအနေ သိရန်လိုသည်လေ။ စာအုပ်တွေ ကြည့်တော့မှ သူ မျက်လုံးပြူးသွားသည်။

ဟုန်လေ့က စာတော်တာပဲ။ စာတော်တဲ့အပြင် သူယူထားတဲ့ မေဂျာက Advanced Physics ။ အရမ်းခက်လွန်းတဲ့ ဘာသာရပ် ပြီးတော့ ရှိသမျှ မိုင်နာအကုန် ပတ်ယူထားသေးသည်။ ဒီကမ္ဘာရဲ့ သင်ကြားရေးမှာ မေဂျာခွဲတဲ့ပုံစံက မိုက်သည်။ မိုင်နာသုံးခု မေဂျာတစ်ခု သက်ဆိုင်ရာ မေဂျာခွဲများ အတွဲလိုက် ယူရသည်။

မေဂျာခွဲဆိုတာက မေဂျာဘာသာရပ်ကို ထောက်ပံ့ပေးနိုင်တဲ့ မေဂျာနဲ့ အတူ တွဲဖက်သင်ရမယ့် ဘာသာရပ်တွေ ဖြစ်တယ် (Supporting Subjects)။ မေဂျာ တခုယူလျှင် သတ်မှတ်ထားတဲ့ မေဂျာခွဲနှစ်ခု ပါလာပြီးသား ဖြစ်သည်။ တနည်းပြောရရင် မေဂျာဆိုတာ ကိုယ်တကယ် သက်မွေးဝမ်းကျောင်းပြုရမယ့် ဘာသာရပ်ကို ဆိုလိုသည်။ အထက်တန်းအောင်တာနဲ့ အမှတ်တွေမခွဲပဲ ကြိုက်တာရွေးခွင့်ရှိသည်။

ကျောင်းသားတွေက မိုင်နာဘာသာရပ်ကို ကြိုက်သလောက်ယူလို့ရသည်။ ဒါပေမယ့် အနည်းဆုံး သုံးခုတော့ မဖြစ်မနေယူရသည်။ မိုင်နာတွေက အထွေထွေ ဗဟုသုတနှင့်  နိုင်ငံခြား ဘာသာရပ်နှင့် အခြေခံ အတွက်အချက်၊ အတွေးအခေါ်များ ဖြစ်သည်။

ယွင်ဖန့်က သူမ ကြိုက်တဲ့အချိန် ခိုင်းလို့ရအောင် ဟုန်လေ့၏ ဖောင်ကိုယူပြီး သူနဲ့အခန်းတူထိုင်ရမည့် မိုင်နာသုံးခု ကိုယ့်သဘောနဲ့ကိုယ် ဖြည့်၍ တင်ပစ်လိုက်သည်။ မေဂျာကိုတော့ 'ဒုက္ခပေးရန်/ အရှက်ခွဲရန်' ရည်ရွယ်ချက်နဲ့ အခက်ခဲဆုံးဘာသာ ဖြစ်တဲ့ Advance Physics ကို ထည့်ခဲ့သည်။ ဤဘာသာက တကယ် တော်တဲ့သူများသာ လုပ်ငန်းခွင် ဝင်ဖို့ အခွင့်အရေးရတတ်တာကြောင့် တော်ရုံအရည်အချင်းမရှိသူဆိုလျှင် ဟိုမရောက် ဒီမရောက် လမ်းပျောက်သွားနိုင်သည်။

The Stranger I love (System)Where stories live. Discover now