Arc 2.18

5.8K 671 39
                                    

စုန်လီချင်း၏ မိခင်နဲ့ ညီမစုန့်ချင်းချင်းကို ချန်ကျစ်မေနဲ့ ချန်ဟောက်က လက်နောက်ပြန် ကြိုးတုပ်၍ လည်ပင်းပေါ် ဓားထောက်ထားသည်။

"မင်း ဘာလုပ်ချင်တာလဲ စုန့်ရိရန်က သေသွားပြီဆိုတာ ဘယ်နှခါ ပြောရမလဲ မင်းတို့ ဘယ်လိုပဲ ကြိုးစား ဆက်ခံမယ့်သူက မရှိတော့ဘူးလို့"
စုန့်လီချင်းက နာကြည်းစွာ အံကြိတ်၍ ပြောလေသည်။

ညီမလေးက အရွယ်တောင် ရောက်သေးတာ မဟုတ်ဖူး။ သူ့အမေဆိုတာလည်း အေးလွန်းလို့။ မိဖုရားခေါင်ကြီးနဲ့ တစ်ခါတောင် ရန်ဖြစ်ဖူးတာမဟုတ်ဖူး။ ဘာလို့များ အပြစ်မရှိတဲ့သူတွေကို ဆွဲထည့်ရတာလဲ။ အမေနဲ့ ညီမလေးကို ဂရုမစိုက်မိတဲ့ ကိုယ့်ကိုကိုယ်လည်း စိတ်တိုမိသည်။

ချန်ကျစ်မေ စိတ်ထဲမှာ တွက်ချက်နေသည်။ စုန့်ရိရန် သေသွားပြီဆိုတော့ အမေမရှိတဲ့ စုန်ရိမင်ပေါ့ ဘယ်တတ်နိုင်မလဲ။ သူ့အဖေက မိဖုရားခေါင်ကြီးကို တန်းတန်းစွဲနေတော့ အခန့်သင့် အိမ်ရှေ့စံ ဖြစ်နေတဲ့ စုန့်လီချင်းကို ရွေးလို့က မရနေဘူး။

မိဖုရားခေါင်ကြီးကလည်း သားသေဆုံးတာ အမှန်လို့ သိလိုက်ရတော့ ဝမ်းနည်းရမည့်အစား စုန့်လီချင်းနဲ့ ပိုင်လင်းကို သတ်ချင်နေသည်။ စုန့်လီချင်း နန်းတက်လျှင် မယ်တော်ကြီးရာထူးကို စုန့်လီချင်းရဲ့အမေ ရလိမ့်မည်။ စုန့်ရိမင် နန်းတက်လျှင်တော့ သူ့အတွက် အပြုံး မပျက်နိုင်ချေ။ စုန့်လီချင်းကို သေချာပေါက် သတ်ရမည်။ ပိုင်လင်းကတော့ သူ့ရဲ့ အစီအစဉ်တွေ အမြဲရှုပ်အောင်လုပ်သူမို့ မျက်စိဆူးနေပြီဖြစ်သည်။

မိဖုရားခေါင်ကြီးက စုန့်ရိမင်ကို
"စစ်တပ်အမိန့်ပြား ပေးစမ်း"
"ပေးရင် သူတို့ကို လွှတ်ပေးမှာလား"
"စကားရှည်မနေနဲ့ သူတို့မသေစေချင်ရင် ပေးလိုက်"
စုန့်ရိမင်က အားနာဟန်ဖြင့် ပိုင်လင်းကို
"ကလေး ... "
မိဖုရားကြီး "......"

ပိုင်လင်းက အင်္ကျီရင်ဘတ်ထဲမှ ထုတ်ကာ အေးအေးဆေးဆေး ပစ်ပေးလိုက်သည်။
မိဖုရားကြီးကလည်း ပိုင်လင်းဆီ ရှိနေလိမ့်မည်ဟု မထင်ထားသောကြောင့် အနည်းငယ် ကြောင်အန်းသွားသည်။

The Stranger I love (System)Where stories live. Discover now