Arc 3.10

4.3K 537 20
                                    

ရှင်း အကူအညီနှင့် Hidden ဖြစ်နေသော  Marriage Quest များပါမကျန် အားလုံး လုပ်အပြီးမှာ Skill အနည်းငယ်နှင့် Couple Skin (Character ဝတ်စုံ ) တစ်စုံ ရရှိသည်။ ထိုဝတ်စုံမှာ HP/Def/နှင့် Crit Dmg ကို 20% တက်စေပြီး ရှိရှိသမျှသော SL မှာ ရှိတဲ့ skin တွေထဲမှာ  အကောင်းဆုံးနှင့် အရှားပါးဆုံး ဖြစ်သည်။

ဒီလိုနဲ့ တဖြည်းဖြည်းချင်း တိုက်ခိုက်ကာ နောက်ဆုံး Boss ကို တိုက်ခိုက်ရမည့် အချိန်သို့ ရောက်လာလေပြီ။ ဆယ့်လေး ငါးယောက် အဖိတ်အစင် ရှိခဲ့ပေမယ့် Shou က သူတို့ဆီ ချက်ချင်း သွားရောက်ပြီး body များကို Light ၏ မြေအောက်ခန်းထဲတွင် ထိန်းသိမ်းထားသည်။

နောက်ဆုံး Boss က Crying Maiden ငိုနေသောမိန်းကလေးဟု ခေါ်ပြီး Difficulty level ဆယ်ဆပိုခက်တယ်လို့  Leak သတင်းထွက်ထားတာမို့ အားလုံးက အတူတူတိုက်ရန် သဘောတူထားသည်။ ထို့ပြင် ထိုBoss ရဲ့ Damage ထွက်နှုန်းက အရမ်းများတာမို့ တချက်ထိလိုက်တာနှင့် သေသွားနိုင်သော Level နိမ့်သည့် playerများ၊ HP နည်းသည့် player များနှင့် မသင့်တော်ချေ။ ထို့ကြောင့် တိုက်ခိုက်ည့်သူများမှာ အနိမ့်ဆုံး lvl90 နှင့် HP 25000 ရှိရမည်ဟု သတ်မှတ်လိုက်သည်။

weapon lvl နိမ့်နေလျှင်လည်း ဘာမှ အကျိုး သက်ရောက်မှု မရှိပေ။ Healer တွေရဲ့စွမ်းအားကို အပိုဖြုန်တီးရာပဲ ရောက်နေမည် ဖြစ်တာကြောင့် အမြင့်ဆုံးထိ refine လုပ်ထားသော weapon ပိုင်ဆိုင်သောသူများသာဟု တိုက်ခိုက်ရန် ကန့်သတ်လိုက်သည်။

ထိုကန့်သတ်ချက်များက Hanzo နှင့် အခြားGuild များ တိုင်ပင်၍ ထုတ်သော စည်းကမ်းဖြစ်ပေမယ့် တကယ်တန်းအဆင့်မှီသောသူများမှာ Light က အများဆုံး ဖြစ်နေသည်။

Sono ၏ မဖြစ်မနေလုပ်ရမည့် mission များတွင်level တင်သည့် mission များ ပါဝင်ပြီး Shou နှင့် Blade ၏ ကုန်ကြမ်းထောက်ပံ့မှုကြောင့် Light မှ Player များက အခြေအနေတစ်ခု ရောက်သည်နှင့် lvl90 weapon အနည်းဆုံး တစ်ခုတော့ ပိုင်ဆိုင်သည်။

Level 90 ထိ မြှင့်ဖို့ဆိုတာ သတ်မှတ်သည့်ရက်တွင်ပေးသော ကုန်ကြမ်းကို သတ်မှတ်သည့်နေရာမှာ တိုက်ခိုက်ရယူရသည့်အပြင် အကန့်အသတ်နှင့်သာ ရသည် ဖြစ်သောကြောင့် စိတ်ရှည်လက်ရှည် ခဏခဏ သွားတိုက်ယူရသည်။ ထို့ပြင် Refine လုပ်လျှင် ကျွမ်းကျင်ပါက လက်နက် upgrade ဖြစ်သွား၍ မကျွမ်းကျင်ပါက fail ဖြစ်သွားပြီး လွှင့်ပစ်ရတတ်သည်။ ထိုကိစ္စအတွက် Light ကို ခွဲခြမ်းစိတ်ဖြာမှုကောင်းသော Chiyo Iku က ကူညီပေးသည်။

The Stranger I love (System)Where stories live. Discover now