Arc 2.3

6.7K 783 10
                                    

မင်းသားက ပိုင်လင်းနဲ့ နန်းတော်သို့ လိုက်သွားတာကြောင့် ချန်ကျစ်မေ ဒေါသထွက်ကာ ကျန်ခဲ့သည်။ မနေ့ညက ကိစ္စဖြစ်ပြီးကတည်းက ခါတိုင်း သူ့ကို တုန်နေအောင် ချစ်ပြီး အနားကမခွါတဲ့ မင်းသားက စကားမပြောပဲ စာဖတ်ခန်းထဲ သွားနေသည်။

ထျင်ပိုင်လင်း အဲ့တာမင်းကြောင့် ဖြစ်ရတာ။ မင်းသာမရောက်လာရင် နောက်တလဆို ငါနဲ့ မင်သားနဲ့က လက်ထပ်တော့မှာကို။ မင်းသားရဲ့ ကြင်ယာတော်နေရာက ငါ့အပိုင်။ မင်း စောင့်နေ။
————————

ပိုင်လင်းအိမ်ပြန်ဖို့ အထုပ်အပိုးတွေ ထုပ်ပိုးနေစဉ်မှာပင် စုန့်ရိရန် ရောက်လာသည်။ အဝင်ဝမှာ အစောင့်တွေက တားလို့ ကတောက်ကဆဖြစ်နေတဲ့အချိန် ပိုင်လင်းလည်း ထွက်အလာနှင့် တိုးသည်။

"မင်းသား ဘာကိစ္စရှိလို့ပါလဲ"
"မင်းဘယ်သွားမလို့လဲ"
"အိမ်ပြန်မလို့ပါ"
"မပြန်ရဘူး"

စုန့်ရိရန် စိတ်ထဲမှာတော့ ပြာယာခတ်နေပြီ ဖြစ်သည်။ ပိုင်လင်း အိမ်ပြန်လို့ ထျင်လဲ့စစ်သူကြီးနားထဲ ချန်ကျစ်မေက ပိုင်လင်းကို ဓားနဲ့ထိုးတယ်ဆိုတဲ့ သတင်းရောက်သွားရင် ပြသနာရှုပ်နိုင်သည်။

သူ၏ ချစ်သူ ချန်ကျစ်မေကို ကာကွယ်ပေးရမည်။

"ဟက် .. မင်းသားရဲ့ချစ်သူက ကျနော်မျိုးကို ဓားနဲ့ထိုးကြောင်း အကိုတော်စစ်သူကြီး သိသွားမှာ စိုးလို့လား"
"......"

စုန့်ရိရန် ရှက်ရွံ့စိတ်၊ အပြစ်မကင်းတဲ့စိတ်ကြောင့် ဘာပြန်ပြောရမှန်း မသိပေ။

"ချန်ကျစ်မေကြောင့် ကျနော်မျိုးကို အိမ်ပြန်မလွှတ်ချင်တာကြီးက မတရားဘူး ထင်တယ်နော်"
"မင်း ပြန်လို့ မဖြစ်ဖူး"
ပိုင်လင်းပြောတာ အမှန်တွေပဲမို့ ငြင်းမရပေမယ့် စုန့်ရိရန် အာဏာသုံးပြီး တားဆီးပိတ်ပင်ဖို့ ကြိုးစားလိုက်သည်။

"အဲ့လိုဆို အရှင်မင်းသားက ကျနော်မျိုးကို တသက်လုံး ပြန်ခွင့် မပေးတော့ဘူးလား"
"အဲ့လို လုပ်သင့်ရင် လုပ်ရမှာ....ပဲ"လို့ စုန့်ရိရန် ပြောနေစဉ်မှာပင် ပိုင်လင်း ဖြတ်ပြောလိုက်သည့် စကားက မျက်နှာမည်းမှောင်သွားစေသည်။

The Stranger I love (System)Where stories live. Discover now