Arc 4.2

3K 401 33
                                    

မှတ်ဥာဏ်များ လက်ခံရရှိပြီးပြီမို့ ဇက်ခရွန်ရဲ့ နျူးကလိယပ်စ်ကို စမ်းသပ်ဖို့ လိုအပ်သည်ကို နားလည်လိုက်သည်။ ထို့ကြောင့် နေသန် က စောစောက တိုက်ခိုက်ခဲ့တဲ့ ဇက်ခရွန်နားသွားပြီး နျူးကလိယက်စ်ကို ယူကာ သိုလှောင်အိတ်ထဲသို့ ပစ်ထည့်လိုက်သည်။

'ဟူး ဒီရွံစရာကောင်းတဲ့အကောင်တွေနဲ့ ငါနဲ့တော့ ဒုက္ခပဲ'
နေသန်က နီးစပ်ရာမြို့တမြို့သို့ သွားရန် ဆုံးဖြတ်လိုက်သည်။

'ရှင်း .. ဒီအသွင်ပြောင်းလူသား ဇက်ခရွန်တွေက ရန်လိုတယ် ဆိုတာတော့ ဟုတ်ပါပြီ။ လူတွေရဲ့ အသွေးအသားကို ဆာလောင်တတ်တယ်ဆိုတော့ ပုံမှန်လူတွေလိုရော စဉ်းစားနိုင်သေးလား'
'သူတို့နည်း သူတို့ဟန်နဲ့တော့ စဉ်းစားနိုင်တယ်။ ဒါပေမယ့် သာမာန်လူတွေလိုတော့ မဟုတ်ဖူး'

'ဒါဆို သူတို့က ကျင့်ဝတ်တွေ စာနာမှုတွေ မိသားစုတွေဆိုတာမျိုးရော သိသေးလား'
'ငါ သိပ်မသေချာဘူး။ အသိစိတ်ရှိကောင်း ရှိနိုင်တယ်။ ဒါပေမယ့် ဆာလောင်တဲ့စိတ်က လွှမ်းမိုးသွားလိမ့်မယ်လို့ ယူဆတယ်။ အဲ့တာက မင်းရှာဖွေလေ့လာရမယ့် အပိုင်းပဲ"
'အွန်း ငါနားလည်ပြီ'

နေသန်က သိုလှောင်အိတ်ထဲက ပစ္စည်းများနဲ့ လွှဲပြောင်းရယူထားတဲ့ စွမ်းအင်များကို စစ်ဆေးလိုက်သည်။

1. Hikari Shou ရဲ့ Game Character မှ လွှဲပြောင်း၍ ပါလာဟန်တူသော ရေစွမ်းအင် Hydro၊ 

2. ရှောင်ရိမင် ခေါ် Sekki ဓားမှ ရလာဟန်တူသော လျှပ်စီးစွမ်းအင်Electro နှင့်

3. မူရင်းနေသန်ကိုယ်တိုင် မသိပေမယ့် ခန္ဓာကိုယ်ထဲ ခိုအောင်းနေသော သွေးစွမ်းအင် Haemo တို့ကို ပိုင်ဆိုင်သည်။

ကိရိယာအားဖြင့် Tsuki ဆံထိုးက Smart Terminal Watch အဆင့်မြင့်နာရီသဏ္ဍာန် ဆက်သွယ်ရေး ကိရိယာအဖြစ် ပြောင်းသွားပြီး Sekki ဓားက မူလအတိုင်းပဲ ကျန်ရှိသည်။

'ရှင်း မြေပုံရနိုင်မလား'
'ရတယ် point 200'
'စျေးကြီးလိုက်တာ'

'မြို့ အကုန်လုံးပါတယ်လေ ဒါပေမယ့် အရမ်းကြီးသွားတော့ စာရွက်နဲ့မရဘူး။ terminal ထဲ ထည့်ပေးမယ်'

The Stranger I love (System)Where stories live. Discover now