Arc 4.14

1.6K 182 11
                                    

Recap: ခရီးထွက်လာသည့် အဖွဲ့
1. Nathan (Administration )
2. Aindriu (Commander )
3. Alice (Biochemist)
4. Leonith (Military - Lieutenant General )
5. Jennet  (Geo User - Lieutenant General)
6. Tiffany (Engineer)
7. Oliver (Medic)
—————

လီယွန်နစ်က စွမ်းအားရှင်မဟုတ်သော လက်နက်ကိုင်သည့် အဖွဲ့အစည်းအတွက် စစ်ရေးဗျူဟာများ၊ အသင့်တော်ဆုံး ခေတ်မှီလက်နက်ခဲယမ်းနှင့် ထောက်ပို့အခက်အခဲများကို ဆွေးနွေးရသည်။

"ကျနော်တို့မြို့က တမြို့လုံး ပျက်စီးသွားပြီးမှ ထူထောင်ထားရတာမို့ လက်နက် လူအင်အား ငွေအင်အား ချို့တဲ့ပါတယ်။ သိုလှောင်ဆီ မရှိသလောက်ပဲမို့ အရေးပေါ်ကလွဲရင် ကားတောင် လိုအပ်မှ ထုတ်သုံးနိုင်တဲ့ အခြေအနေပါ။ ကျနော်တို့အနေနဲ့ စစ်ရေးဘက်ကိုကူညီနိုင်တာက နည်းဗျူဟာနဲ့ စစ်ရေးလေ့ကျင့်မှု ပို့ချခြင်းပါ။ မကြာခဏ အထိအတွေ့ များတဲ့အတွက် သေချာပေါက် လေ့ကျင့်မှုလည်း ရမယ်။ နောက်ဆက်တွဲကုသမှုတွေအတွက်လည်း လေ့ကျင့်ပြီးသားဖြစ်သလို ဖြေဆေးလည်း အသင့်ရှိပါတယ်။

လက်နက်၊ ခဲယမ်းက အကန့်အသတ်နဲ့ ဆိုပေမယ့် လေယာဉ်ကွင်း ပြီးသွားပြီဆိုရင် ထောက်ပို့အတွက် ပူစရာ သိပ်မလိုရတော့တဲ့ အခြေအနေပါ။ ကျနော်တို့စစ်လက်နက် ထုတ်လုပ်ရေးအဖွဲ့က စမ်းသပ်ထားတဲ့ တန်ဖိုးလည်းနည်း ထိလည်းထိရောက်ပြီး ကုန်ကြမ်းပစ္စည်းပေါတဲ့ လက်နက်အတော်များများ ရှိပါတယ်။ ဒီဟာတွေရဲ့ ဒီဇိုင်းတွေကို ကျနော်မျှဝေပေးပါမယ်။

ကျနော်တို့က စွမ်းအားရှင်များနဲ့ တွဲဖက်တိုက်ခိုက်ရတာမို့ သူတို့ရဲ့ စွမ်းအားတွေကိုလည်း နားလည်ရမှာ ဖြစ်သလို ပူပေါင်း ဆောင်ရွက်နိုင်ဖို့လည်း လိုပါတယ်။ ကိုယ်ပစ်လိုက်တဲ့ကျည်က ကိုယ့်လူကိုယ်မှန်သွားလို့ မဖြစ်သလို စွမ်းအားရှင်များကလည်း နားမလည်ပဲ စွတ်ရှေ့တက်တိုက်ခိုက်နေလို့ မဖြစ်တာကြောင့် သူတို့ကလည်း စစ်ရေးဗျူဟာများကို သင်ယူလိုက်နာရပါတယ်"

နားထောင်နေသူထဲမှ တယောက်က ထ၍
"ကျနော်တို့ဆီမှာက စွမ်းအားရှင်တွေက ထောင်လွှားပြီး Command Chain ကို မလိုက်နာတော့ ပြုန်းတီးမှုတွေများသလို ကျနော်သာမာန်လူတွေလည်း အလကားလူတွေလိုမျိုး ချောင်ထိုးဆက်ဆံခံရတယ်။ ခင်ဗျားတို့ ဆီမှာရော အဲ့လို မဖြစ်ဖူးလား"

You've reached the end of published parts.

⏰ Last updated: Feb 09 ⏰

Add this story to your Library to get notified about new parts!

The Stranger I love (System)Where stories live. Discover now