Arc 4.1 (Nathan Clark - Apocalypse)

5.1K 416 19
                                    

နောက်ကမ္ဘာသို့ ကူးပြောင်းနေပါပြီ။
"ဝုန်း"
"အာ့"
"F*ck You ရှင်း"
"ဟက်"
ရိုက်ချက်ကြောင့် ဖေးရဲ့ လွင့်ထွက်သွားသည်။ ထိမိသည့်နေရာမှာ ညို့သကျည်းမို့ အသည်းခိုက်အောင် နာသည်။ ရှင်းကို သတိပေးဖို့ သူမေ့သွားခဲ့တာမို့ ဆဲရုံသာ ဆဲနိုင်သည်။

"ဝူး ဝူး ဂါး "
"အား ဘာကြီးလဲ .. ရုပ်ဆိုးလိုက်တာ"
'အသွင်ပြောင်းလူသား'
"ဝုန်း"
"ဟ .. "
ဖေးရဲ့ စဉ်းစားချိန်မရ အလျှင်အမြန် ရှောင်လိုက်ရသည်။ ပြီးခဲ့တဲ့ ကမ္ဘာနှစ်ခုက တိုက်ခိုက်ရေးအတွေ့အကြုံကြောင့်သာ ရှောင်လိုက်နိုင်ခြင်းဖြစ်သည်။
"ရှင်း ငါ့ကို သေကြောင်းကြံနေတာလား"
'အေး နှစ်နှစ်ဆိုပြီး ပြန်လာတာ နောက်ကျလို့ အပြစ်ပေးတာ'
"မင်းပြောတော့ နားလည်ပေးမယ်ဆို -ီးပဲ "
'အွန်း နားလည်ပေးမယ် ပဲ ပြောတာ အပြစ်မပေးဘူးလို့ မပြောဘူး'
"အား Fuck ... ဒီကောင်က မသေနိုင်ဘူးလား'
ခြေရော လက်ရော အကုန်သုံးပြီး တိုက်ခိုက်နေသောလည်း ဇက်ခရွန်က ပြန်ပြန်ထလာသည်။
'အဲ့ကောင် ခေါင်းကိုချ'
"ယား .. "

ဖေးရဲ့ မျက်နှာသို့ လက်သီးနှစ်ဆင့် ပြင်းထန်စွာ ပစ်သွင်းပြီး ဝှိုက်ခြေကန်ချက် တစ်ချက်ဖြင့် လဲကျသွားစေသည်။
"Sekki"
အကျင့်ပါနေသော ပါးစပ်က သူ၏ လက်စွဲတော်ဓားကို ဆင့်ခေါ်လိုက်ပြီး ခေါင်းကို ထက်ပိုင်းနှစ်ပိုင်းခြမ်း ခုတ်ပိုင်းပစ်လိုက်သည်။ သွေးများက သူအဝတ်အစားများပေါ်တွင် ပေကျံကုန်ပြီး ဇက်ခရွန် ထံမှ ကြည်လင်နေသော ကျောက်လေး ထွက်ကျလာသည်။ ပေကျန်နေသော အကျိအချွဲများကြောင့် အေ့ာအန်မိမလို ဖြစ်သွားသည်။

"ရှင်း ဆေးအကြီးကြီးထိုးတယ်နော် .. မင်းတွေ့မယ် .. "
'Haha မင်းဘာလုပ်လို့ ရမှာမို့လဲ"
"အေးပါ .. စောင့်ကြည့်နေပါ ..
လောလောဆယ် ငါ့ကို ရေချိုးလို့ရမယ့် နေရာပြဦး ငါအန်ချင်လို့ သေတော့မယ်" 
'ရှေ့မီတာ 200 မှာ ရေကန်ရှိတယ်'

စမ်းချောင်းတစ်ခုခု၏ အဖျား ဖြစ်ပုံရပြီး တဖက်တွင် ကျောက်တုံးအကြီးများက ဝန်ရံထားသောကြောင့် မသိလျှင် ရေကန်သဖွယ် ဖြစ်နေသည်။ တဖက်တွင် ခါးလယ်လောက်ရှိ ခြုံပုတ်များကိုလည်း တွေ့ရသည်။ ဖေးရဲ့ပျော်သွားပြီး ဘေးဘီကို ကြည့်လိုက်သည်။ အဝတ်အစားများချွတ်ကာ ဖြစ်သလို လျှော်၍ အနီးရှိ ကျောက်တုံးကြီးပေါ်တွင် လှန်းလိုက်သည်။ ထို့နောက် အေးအေးဆေးဆေး ရေထဲဝင်စိမ်နေလိုက်ကာ

The Stranger I love (System)Where stories live. Discover now