Arc 2.13

6.3K 668 12
                                    

ပိုင်လင်း စစ်မြေပြင်သို့ စုရီ (Intel) နဲ့ ဖေး (Agility) နှစ်ယောက်သာ ခေါ်လာခဲ့ပြီး ဟေးတို့ ရှစ်ယောက်ကို ထျင်လဲ့နဲ့ စုန့်လီချင်းတို့ နှစ်ယောက်ဆီမှာ တိတ်တဆိတ်ကာကွယ်ရန် ထားခဲ့သည်။

ပိုင်လင်း ခံတပ်များကို စစ်ဆေးပြီး လက်နက်ကြီးများကို နေရာချသည်။ ရိက္ခာများ စစ်ဆေးပြီး ရနိုင်တဲ့ အရင်းအမြစ်များနဲ့ သတင်းအချက်အလက်များကို စုရီနဲ့ ဖေးကို စုဆောင်းစေသည်။ ကိုယ့်ဘက်က ခံစစ်တိုက်ရမှာဖြစ်ပေမယ့် mission အရ နယ်မြေနှစ်ခု တက်သိမ်းရဦးမည်။ ပိုင်လင်းတို့ ဘက်မှာ မြင်းတပ်၊ သံချပ်ကာ ခြေလျှင်တပ်၊ အဆင့်မြင့်လှံတပ် နဲ့ ယန္တရားတပ်များ ပါသည်။

ပိုင်လင်း စစ်ဗျူဟာဆွေးနွေးတဲ့ ယာယီတဲထဲ ဝင်လာသည်။ ပိုင်လင်းကို ယန္တယားများအတွက် စစ်လက်နက် အကြံပေးနှင့် ထောက်ပံ့တာဝန်အတွက်သာ စစ်မြေပြင်ကို ပါလာသည်ဟု အားလုံးက သိထားတာကြောင့် စစ်ဗျူဟာ ဆွေးနွေစဉ်မှာ ပိုင်လင်းကို မခေါ်ထားပေ။

ပိုင်လင်း အရမ်းလှလို့ခဏငေးသွားပေမယ့် အခွင့်မရှိပဲ ဝင်လာသည့်အတွက် စစ်မြေပြင်မှာ ရောက်နှင့်နေတဲ့ စစ်သူကြီးတချို့က မကြိုက်တဲ့ အမူအရာများ ယှက်သန်းသွားသည်။ စုန့်ရိမင်က နူးညံ့စွာ ပြုံးပြီး လက်ကမ်းကြိုလိုက်တာကြောင့် ကျန်သူများ ဘာမှ မပြောပေမယ့် စစ်မြေပြင်မှာ Ger တစ်ယောက်ရှိနေတာ အထောက်အပံ့ထက် အနှောင့်အယှက်က ပိုများမည်ဟု သူတို့က ယုံကြည်ထားကြသည်။

ပိုင်လင်းကဂရုမစိုက်ပဲ သူတို့ဆွေးနွေးနေတဲ့ မြေပုံကို ဆွဲသိမ်းလိုက်ပြီး သူကိုယ်တိုင်ဆွဲထားတဲ့ မြေပုံအကြီးကြီးကို ဖြန့်ချလိုက်သည်။ အားလုံး ကို တချက် ကြည့်ခိုင်းပြီး မှန်မမှန် စစ်ဆေးစေသည်။ အခန်းထဲရှိ စုန့်ရိရန်အပါအဝင် စစ်သူကြီးအားလုံး အံအားသင့်သွားတော့သည်။ ဒီမြေပုံက ပိုပြီးလည်း သေသပ်ရှင်းလင်းပြီး ပိုပြီးလည်း ပြည့်စုံသည်။

ပိုင်လင်းက အားလုံးကို အရင် အကဲခတ်လိုက်ပြီး ပြောလက်စကို ဆက်ဆွေးနွေးရန် ဆိုသည်။ ရောက်နှင့်နေတဲ့ စစ်သူကြီးများက ပိုင်လင်းရှိနေတာ အနှောင့်အယှက် ဖြစ်တဲ့ ပုံမျိုး၊ ပိုင်လင်းက စစ်တိုက်မယ့် စစ်အရာရှိလည်း မဟုတ်တာကြောင့် လျှို့ဝှက်ရမည့် ကိစ္စကို ပေးမသိစေချင်တဲ့ပုံစံမျိုးနဲ့ အင်တင်တင်ဖြစ်နေကာ ဘာမှ မပြောကြပေ။

The Stranger I love (System)Where stories live. Discover now