Arc 1.15

6.5K 762 2
                                    

Devilish က prototype ထွက်လာအပြီးမှာ တဟုန်ထိုး အောင်မြင်လာသည် .. နယ်ပယ် အသီးသီးက အဖွဲအစည်းများဖြင့် ပူးပေါင်း၍ 3D Game များ/ Personal Assistant Robot Waifu လေးများ/ Animation နဲ့ Movies များ ကြော်ငြာများ စသဖြင့် 3D နည်းပညာသုံးသော Product အမြောက် အများ ထွက်ရှိလာသည်. Devilish ရဲ့ ရှယ်ယာစျေးကလည်း တရှိန်ထိုး တက်လာနေသည် ..

ယနေ့ Devilishရဲ့ ပူပေါင်းဆောင်ရွက်တဲ့ကုမ္ပဏီ အကြီးတစ်ခု ၏ Party ပွဲရှိတာကြောင့် ဟုန်လေ့ အဝတ်အစားဗီဒိုကို ဖွင့်လိုက်သည် .. ရန်ကျင့်ရဲ့ အကြောင်းမျိုးစုံမထပ်အောင်ပြပြီး ဝယ်ပေးထားသော အဝတ်အစားအမျိုးမျိုးက သပ်သပ်ရပ်ရပ် စီစီရီရီ ရှိသည် .. ဟုန်လေ့ရိုးရှင်းသော အနက်ရောင် Suit တထည် ထုတ်ဝတ်လိုက်သည် .. ခဏနေတော့ ရန့်ကျင့် အပြုံးလေးနဲ့ လာကြိုလေသည် ..

"လေ့ ဟိုရောက်ရင် ကိုယ့်နားမှာပဲ နေနော် .. သူများတွေ ခေါ်ရာ မလိုက်ရဘူး"
"အွန်း"
"အရက်တခွက်ထက် ပိုမသောက်ရဘူးနော်"
"ငါသောက်နိုင်ပါတယ် အားကျင့်ရ ငါးခွက်လောက်ကတော့ အသာလေး"

"လေ့နော် .. စကားနားမထောင်ရင် မသွားတော့ဘူး"
"ဟင် .. မင်းပဲ မျက်နှာပျက်ရမှာ .. မသွားချင်နေပေါ့"
"အာ .. လေ့ကလည်း စိတ်ပူလို့ ပြောနေတဲ့ဟာကို" ဆူပုတ်နေသော ရန်ကျင့်ကို ဟုန်လေ့က မနိုင်ဘူးဆိုတဲ့ အကြည့်နဲ့တာ ကြည့်ပြီး ရယ်သည် .. ရန်ကျင့်က သူနဲ့ ပက်သက်လာရင် အဲ့လိုပဲ ချွဲတတ်သည် .. အထူးအဆန်း မဟုတ်တော့..

'အဲ့လဒ ဘာလို့ ဒီလောက်ချောနေရတာလဲ ..ဆူပွပွနဲ့ ချစ်စရာကောင်းအောင်'

"လာပါ.. နောက်ကျနေပြီ"
"လေ့ ပြောပြီးပြီနော် .. တခွက်ပဲလို့ .. ကတိ"
"အွန်း အွန်း"
ပြီးပြီးရော ပြောပြီး ကားပေါ်ရောက်သည်နှင့် ဘက်ခနဲ ရန်ကျင့်ပေါင်ပေါ် လှဲချကာ ဖုန်းထုတ်ပြီး ဂိမ်းဆော့နေတော့သည် .. ရန်ကျင့်ကတော့ အခွင့်အရေးရတုန်း ဆံပင်ပျော့ပျော့လေးတွေနဲ့ ကစားနေသည်

'Host သတိပေးစရာ ရှိပါတယ်'
'အင်း ပြော'
'Party မှာ ယွင်ဖန်ရှိပါမယ် .. ယွင်ဖန်အမေ ပစ္စည်းအလဲအလှယ် လုပ်တဲ့နေရာမှာ အမှားအယွင်း ဖြစ်ခဲ့တဲ့ ပစ္စည်းပိုင်ရှင် ကျိုးရွမ်လည်း တက်ပါမယ်'

The Stranger I love (System)Where stories live. Discover now