Arc 1.1 Modern World (Hong Lei)

10.7K 906 7
                                    

ဝိဥာဉ်ကူးပြောင်းနေပါတယ် ....

အားးး .. ကျွတ်ကျွတ် .. ခေါင်းထဲက .. နာလိုက်တာ ..

Xing မျက်နှာမှာ ကျေနပ်နေသော အရိပ်အရောင် ဖြတ်ခနဲ ပေါ်လာပြီး ချက်ချင်းပျောက်သွားသည်။

ဘာလဲဟ ငါ့ System က Sadist လား
ရှင်းအနားမှာ ရှိပြီး ပြုံးလိုက်သည်ကို သူ၏စိတ်အာရုံထဲတွင်  မြင်နေရသည်။ သို့သော် သူ၏ အနားပတ်ဝန်းကျင်မှာ ရှင်းမရှိ။ မျက်စိဖွင့်လိုက်သော် ကော်ရစ်တာ တခုကို မြင်နေရပြီး ကျောင်းစာသင်ခန်း ဖြစ်မည်ဟု တွေးလိုက်သည်။ မိန်းကလေးတယောက်က အော်ကြီးဟစ်ကျယ် စကားပြောနေတာကိုလည်း ဝိုးတဝါးကြားနေရသည်။

မှတ်ဥာဏ် ကူးပြောင်းနေပါတယ် . . .

ထိုအသံနှင့် အတူ အပ်ပေါင်းများစွာ ခေါင်းကို လာထိုးနေသကဲ့သို့ ခံစားရပြီး မျက်စိကို စုံမှိတ်၍ အော်ဟစ်လိုက်မိသည်။ ထိုအချိန်မှာ သူ တစုံတခုကို အလိုလို သိလာရသည်။

ဒီကမ္ဘာရဲ့ဇာတ်လိုက် (Guo Ming) ကောမင်က နောက်ဆုံးနှစ် ကျောင်းသားဥက္ကဌ .. ကျောင်းမှာ ရုပ်လေးချောသည့်အပြင် အားကစားရော စာမှာပါ ထူးချွန်တာကြောင့် ကောမင်ကို ကောင်မလေးတွေ သည်းသည်းလှုပ်ကြိုက်ကြသည်။

ဇာတ်လိုက်မ (Yun Feng) ယွင်ဖန်က မူလခန္ဓာကိုယ်ပိုင်ရှင်နှင့် တခန်းတည်း ဒုတိယနှစ်က ဖြစ်သည်။ အတန်းခေါင်းဆောင် ဖြစ်သည့်အပြင် .. တစ်ကျောင်းလုံးရဲ့ the whole Queen ကို ရထားသူလည်း ဖြစ်သည်..

ကျောင်းမှာ Activityတွေ ရှိတိုင်း ကျောင်းသားဥက္ကဌ ကောမင်၏ လမ်းညွှန်မှုအောက်မှာ အတန်းခေါင်းဆောင်များ၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရသဖြင့် သူတို့ခဏခဏတွေ့ဖြစ်ရင်း ချစ်ကြိုက်သွားကာ ကျောင်းပြီးတော့ လက်ထပ်လိုက်ကြသည်

ဒါဖြင့် သူကရော ???
သူရောက်နေတဲ့ ခန္ဓာကိုယ်ပိုင်ရှင်က (Hong Lei) ဟုန်လေ့ ကျောင်းသားရေးရာ အဖွဲ့ဝင် ဖြစ်သည်။ ကျောင်းသားရေးရာအဖွဲ့ဝင်ဖြစ်ပြီး အာဏာမရှိဆုံးသူကို ပြပါဆို ဟုန်လေ့သာ ဖြစ်မည်။ ဟုန်လေ့က အမှန်တော့ ကောမင်ကြောင့် ကျောင်းသားရေးရာကို ဝင်လာခြင်း ဖြစ်သည်။

The Stranger I love (System)Where stories live. Discover now